အပိုင်း ၆

82 12 0
                                    

ဟာအိုအိမ်ထဲခြေလှမ်းလိုက်တော့ တဖန်ခံစားလိုက်ရတဲ့
"အထီးကျန်ခြင်း"ဆိုတဲ့ခံစားချက်...

တစ်အိမ်လုံးမှောင်မဲနေတာမို့လို့မီးခလုတ်ကိုဖွင့်လိုက်ပြီး
ဧည့်ခန်းထဲကဆိုဖာမှာလှဲချလိုက်သည်။

လက်ကိုနှဖူးပေါ်တင်ထားပြီးသူလေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။နောက်ပြီးနှိမ့်လိုက်မြင့်လိုက်ဖြစ်နေတဲ့သူ့ရင်ဘက်တစ်စုံ..။အခုရက်ပိုင်းသူနှလုံးကအရင်ကလိုမဟုတ်တော့တာသူသတိထားမိ၏။

Ring Ring

ဖုန်း  contact ကိုကြည့်လိုက်တော့
"ပါးပါး"ဆီက

"ဟယ်လို"

"..."

"မနက်ဖြန်ကျရင် ငါတရုတ်ကိုပြန်တော့မှာ

မင်းပြန်လိုက်ခဲ့မှာလား"

သူခနလောက်စဥ်စားနေပြီး

"မလိုက်တော့ဘူး ကျွန်တော်ဒီမှာပဲနေတော့မယ်"

"ဟုတ်ပြီ မင်းသဘောပဲ"

အဲလိုပြောပြီးချက်ချင်းကျသွားတဲ့ဖုန်း

အဖေလို့သာခေါင်းစဥ်တပ်ထားရတာ
တစ်ခါမှသူ့ကို"သား"လို့ခေါ်ခြင်းမရှိခဲ့...
သူ့ကိုငယ်ငယ်ကခေါ်ခဲ့ဖူးပေမယ့် မှတ်မှတ်ရရသူ့အမေနဲ့ကွာရှင်းခဲ့တဲ့နောက်ပိုင်းမှမခေါ်တော့တာ။အဲအချိန်ကတည်းကစပြီး သူ့ဘ၀ကြီးကလည်းရှင်လျက်နဲ့သေနေခဲ့တာ။

သူတွေ၀ေခြင်းမရှိပဲနှိပ်လိုက်တဲ့ဖုန်းနံပါတ်လေးတစ်ခု

"ဟယ်လို..ပြောပါ"

"မနက်ဖြန်ဆေးရုံလာခဲ့မယ်"

"သောက်ဆေးကုန်သွားလို့လား"

"အင်း.."

"၉နာရီလောက်လာခဲ့လေ"

"အဲတာထက်နောက်ကျချင်နောက်ကျလိမ့်မယ်"

"ရပါတယ်..ဒါဆိုဒီလောက်ပဲ

ကျန်တာမနက်မှဆက်ပြောကြတာပေါ့"

"ဟုတ်ကဲ့ပါ.."
.
.
.

အချိန်အားဖြင့်ညဘက်၂နာရီရှိနေပြီဖြစ်သည်။
အိပ်ယာထဲမှာဟိုဘက်ဒီဘက်လူးလှိမ့်နေရင်းအိပ်ပျော်အောင်ကြိုးစားနေသည့်ဟန်။

Once Again [BinHao]♡Where stories live. Discover now