အပိုင်း ၃

139 12 0
                                    

ကျန်းဟာအိုဆိုတဲ့ကောင်လေးကအနေအေးသည်။စကားဆိုလည်းတော်ရုံမပြောတဲ့အထဲပါသည်။သူကလူတွေနဲရောရောနှောနှောနေရတာကိုမကြိုက်။ဘောလုံးတောင်ကင်မ်ထယ်ရယ်အတင်းခေါ်လို့သာလာကစားသည်။

ထယ်ရယ်နဲ့ ဟာအိုကအိမ်နီးနားချင်းတွေဖြစ်ပြီးထယ်ရယ့်အမေနဲ့ဟာအိုအမေကငယ်ငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းတွေဖြစ်သည်။

"ဟာအိုဟျောင်း"

"ကျွန်တော်တို့ ဘောလုံးသွားကစားကြရအောင်"

ဧည့်ခန်းထဲမှာအလုပ်လုပ်နေတာမြင်ရဲ့သားနဲ့ကစားဖို့လာခေါ်တဲ့ကင်မ်ထယ်ရယ့်ကို ဟာအိုငေါက့်ပစ်လိုက်ချင်သည်။

"ဒီနေု့တော့ဟျောင်းမလိုက်တော့ဘူး"

"ဟာဟျောင်းကလည်း လုပ်ပြန်ပီ"

"ငါတကယ်အလုပ်များနေလို့ပါကွာ ထယ်ရယ်ရာ"

"ရတယ်လေ အဲဆိုမလိုက်နဲ့တော့"

ထယ်ရယ်စိတ်မရှည်တော့တဲ့အသံနဲ့ထသွားပြီးအိမ်အပြင်ရောက်ခါနီးမှပြောစရာတစ်ခုခုကိုသတိရသွားသည့်ဟန် ဟာအိုဆီကိုပြန်လှည့်လာသည်။

"ဪ ဒါနဲ့ ဟိုတစ်နေ့ကဟျောင်းကိုလူတစ်ယောက်လာမေးတယ်"

"ဘယ်သူလဲ?"

"ဟို...သစ်ပင်အောက်မှာစာဖတ်နေကျ အစ်ကိုလေ

မမှတ်မိဘူးလား"

ကျန်းဟာအို စိတ်ထဲထိတ်ခနဲဖြစ်သွားသည်။သူလုပ်လက်စအလုပ်တွေသိမ်းပီး

"ခနလေးထယ်ရယ်ငါလိုက်ခဲ့မယ်"

"ဟမ်..ပြောတုန်းကမလိုက်ဘူးဆို"

"အခုစိတ်ပြောင်းသွားပီ"

_________________________________

ဟာအိုတို့ဘောလုံးကစားဖို့ရောက်လာကြပီ။ချယ်ရီပင်ဘက်ကိုကြည့်လိုက်တော့ အရိပ်အယောင်တောင်မမြင်ရသေး။

"ဟျောင်း ဘာတွေငေးနေတာလည်း"

"ဘာမှမဟုတ်ပါဘူး"

"ထယ်ရယ် ငါမကစားတော့ဘူး ထိုင်ပဲကြည့်တော့မယ်"

"အင်း"

ဟာအိုချယ်ရီပင်အောက်မှာထိုင်ပီးထယ်ရယ်တို့ကစားတာကိုပဲထိုင်ကြည့်နေလိုက်တော့သည်။ခဏကြာတော့ ဟန်ဘင်းရောက်လာသည်။
ဟာအိုဟန်ဘင်းလာတာကိုမြင်ပီး ထပြေးဖို့လုပ်နေတုန်း

"ခဏလေး..."

ဟန်ဘင်းကဟာအိုလက်ကိုလှမ်းဆွဲလိုက်ကာ

"ခဏလေးနေပါအုန်း.."

"....."

"လက်ကိုင်ပု၀ါလေးပြန်ပေးချင်လို့"

ဟာအိုရဲ့နှလုံးကနဂိုထက်ပုံမှန်ထက်ပိုမြန်လာပြီးရင်ဘက်အောင့်လာကာ လူယိုင်သွားတာမို့လို့ဟန်ဘင်းကဟာအိုခန္ဓာကိုယ်ကိုအမြန်ထိန်းပေးလိုက်သည်။

"အဆင်ပြေရဲ့လား?"

"အင်း..အဆင်ပြေတယ်"

"လက်ကိုင်ပု၀ါပြန်မပေးနဲ့တော့ ယူထားလိုက်ပါ"

"ဘာလို့လဲ?"

"ဒီအတိုင်း...ပေးတယ်လို့ပဲသဘောထားလိုက်ပါ"

"ဟမ်...ခန"

ဟန်ဘင်းစကားကိုဆုံးအောင်နားမထောင်ပဲထွက်သွားတဲ့ကျန်ဟာအို.။ဒီတစ်ခါနဲ့နှစ်ကြိမ်ရှိနေပီ။

________________________________
နွေဦးမှာရှာတွေ့ခဲ့တဲ့ရေစက်လှလှလေး

တစ်ချိန်ကျရင် သူ့တို့နှစ်ယောက်တွေဆုံမှုက

ပြန်တွေးကြည့်ရင်တောင် နာကျင်ဖို့ကောင်းတဲ့

ပုံပြင်လေးတစ်ပုဒ်ဖြစ်ခဲ့မယ်ဆိုတာ

သူတို့နှစ်ယောက်စလုံးကြိုသိခဲ့ရင်...။

နှစ်သစ်မှာအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ။
ချစ်ရတဲ့သူတွေနဲ့လည်းပျော်ရွှင်စွာနဲ့ဘေးအန္တရာယ်ကင်းရှင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင့်။☘️💙







Once Again [BinHao]♡Where stories live. Discover now