အပိုင်း၇

93 11 0
                                    

ဖြတ်တောက်ရခက်တဲ့သံယောဇဥ်ဟာ
သည်လူ့ကိုမှတွယ်ညှိခဲ့၏။

တဖက်သတ်တဲ့။စာလုံးလေးသုံးလုံးတည်းရယ်
ဒါပေမယ့်နာကျင်ရတယ်မလား။
ကိုယ်ကတစ်ဖက်သားအပေါ်
ချစ်ခြင်းမေတ္တာတွေကိုပေးနေပေမယ့်
လိုလိုလားလားလက်ခံမှ။မဟုတ်ရင်ဒါကသူ့အတွက်
မလိုအပ်လို့စွန့်ပစ်ထားတဲ့အမှိုက်သာသာပါပဲ။

အတတ်နိုင်ဆုံးသဘောမကျမိအောင်နေခဲ့ပါသေးရဲ့နဲ့။ဘာလို့လဲ။

ဟာအို ဆွဲလက်စပုံတွေကိုရပ်လိုက်ပြီး
ဗိုက်ကဆာလာတာမို့လို့တစ်နေရာရာကို
သွားဖို့ပြင်ဆင်လိုက်သည်။

ဟာအို T-shirt တစ်ထည်နှင့်ဘောင်းဘီတိုကို၀တ်ဆင်ထားသည်။ဒါကသူအိမ်မှာနေရင်း၀တ်နေကျပဲလေ။
အိမ်ရှေ့မှာထောင်ထားတဲ့စက်ဘီးတစ်စီးကိုယူပြီး
သူဦးတည်သွားနေတာက နေရာတစ်ခုပဲရှိသည်။

လေညင်းကသူ့ပါးနုနုလေးကိုလာဟပ်တာမို့လို့
ပြုံးမိလိုက်သည်။ အမှန်တိုင်းပြောရရင်
ဒီအခြေအနေလေးကိုသဘောကျသည်။

စီးလာတဲ့တစ်လျှောက်အကောင်းသား။
ဟန်ဘင်းတို့ဆိုင်ကိုရောက်ခါနီးမှ
တစ်ဖက်ကပြေးထွက်လာတဲ့ကလေးမလေးတစ်ယောက်ကို
တိုက်မိတော့မလိုဖြစ်တာကြောင့် ရှောင်လိုက်သည်။
ကလေးကဘာမှမဖြစ်ပေမယ့် သူကတော့
လက်ကောခြေမှာပါပွန်းပဲ့သွားသည်။

"လူလေး...အဆင်ပြေရဲ့လား"

"ဟုတ်..အဆင်ပြေပါတယ်"

သူလဲကျနေတဲ့စက်ဘီးကို
ဆွဲထူနေရင်း

"ဟောက့်.."

သူ့နာမည်ကိုခေါ်လိုက်တာမို့လို့
မော့်ကြည့်မိတော့...

မိန်းမကြီးတစ်ယောက်ကသူ့ကို
အံ့ဩနေတဲ့မျက်၀န်းတွေနဲ့ကြည့်နေတာ။

မတွေ့ရတဲ့နှစ်တွေအကြာကြီးမှာတောင်
အရင်တိုင်းမပြောင်းမလဲဘဲရှိနေသေးတာပဲ။

သူစက်ဘီးကိုယူပြီး
ထွက်လာဖို့လုပ်နေတုန်း

အနောက်ကထွက်လာတဲ့စကားတစ်ခွန်း..

"သား...အဆင်ပြေရဲ့လား..

သူဟာတွေ၀ေခြင်းမရှိပဲ..

Once Again [BinHao]♡Where stories live. Discover now