85

405 33 0
                                    

အခန်း၈၅။ ဆုချီးမြှင့်ခြင်း

“ သားတော် လီခယ့်အနေနဲ့ ဒီလိုအံ့ဩစရာ ဗျူဟာမျိုးကို အကြုံပြုနိုင်တာ ဖခမည်းတော် အင်မတန်စိတ်ချမ်းသာရတယ်။ ကဲ ... ဘာဆုလိုချင်သလဲ ” ဟု လီရှစ်မင်က မေးလိုက်၏။ သူ၏ သားဖြစ်သူမှ ဤပြဿနာအား ဖြေရှင်းနိုင်ခဲ့ရာ လီရှစ်မင်မင်းကြီးသည် စိတ်ပျော်လျက်ရှိနေသည်။

လီခယ့်လည်း ပါးစပ်ဟမည်အပြုတွင် လီယင်အား ရုတ်တရက်သတိရသွားသည်။ လီယင်က ဆုတော်ငွေကိုသာ လိုချင်သည်ပြောသော်လည်း အစ်ကိုကြီးတစ်ယောက်အနေနှင့် ညီဖြစ်သူအပေါ် အမြတ်ထုတ် နာမည်ကောင်းယူနိုင်မည်နည်း။ ထို့ကြောင့် လီခယ့်လည်း ခေါင်းကို ငုံ့လိုက်ကာ -

“ ဖခမည်းတော်ကို သားတော်လျှောက်တင်လိုပါတယ်။ တကယ်တော့ ဒီအကြံက ညီတော်လေး လီယင်ရဲ့ အကြံဉာဏ်သာ ဖြစ်ပါတယ်။ ဒါပေမယ့် ညီတော် လီယင်ဟာ လွှတ်တော်တက်ခွင့်မရတာကြောင့် မနေ့က သားတော်နဲ့အရင် ဒီကိစ္စကို ဆွေးနွေးခဲ့ကြတာပါ ” ဟု အမှန်အတိုင်းသာ လျှောက်တင်လိုက်သည်။

“ လီယင့်ရဲ့အကြံ... ”

လီရှစ်မင်သည် အံ့ဩသွားပြီး -

“ အဲ့ဒါ တကယ်ပဲလား .. ” ဟု မေးလိုက်ရာ -

“ ဖခမည်းတော်ကို သားတော် မလိမ်ဝံ့ပါဘူး။ မနေ့က သားတော် လျန့်စံအိမ်တော်မှာ ခေတ္တနေဖို့ သွားခဲ့ပါတယ်။ သားတော်လည်း ဖခမည်းတော်ပြောတဲ့ ပြဿနာကို သတိရမိတာနဲ့ ဒီအတိုင်းပဲ ပေါ့ပေါ့ပါးပါးပြောမိတာပါ။ ညီတော်က ဒီလိုပြောင်မြောက်တဲ့ နည်းလမ်းကို ရှာတွေ့ပြီးပြောပြမယ်ဆိုတာ သားတော်တောင် မမျှော်လင့်ထားခဲ့ပါဘူး ဖခမည်းတော် ” ဟု လီခယ့်က ပြန်လျှောက်၏။

လီရှစ်မင်သည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း ရင်ထဲ၌ လှိုင်းထန်နေလေသည်။ မယုံတစ်ဝက်၊ စိတ်ချမ်းသာတစ်ဝက် ခံစားနေရ၏။ နိုင်ငံအတွက် ဘုရင်တစ်ပါးဖြစ်သော်လည်း သားတွေ၏ အဖေတစ်ယောက်ပင် မဟုတ်ပါလား။ သားတော်များထံမှ တိုးတက်မှုကိုမြင်ရခြင်းကြောင့် ဖခင်တို့၏ ထုံးစံအတိုင်း ကျေနပ်ပီတိဖြစ်နေလေတော့သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now