122

291 18 0
                                    

အခန်း၁၂၂။ ကြင်ယာတော်ယန်၏ သတိပေးချက်(၂)

စူကျခုလမ်းပေါ်တွင် လီယင်တစ်ယောက် နန်းတော်ဆီသို့ ဦးတည်သွားနေသည်။ ကလေးငယ်များကြောက်လန့်သွားကြရသည့်အပေါ် သူအပြစ်ကြီးသလိုလည်း ခံစားနေရ၏။ ထန်နိုင်ငံတော်ကို စရောက်လာစဉ်က ဤလူများကို အသုံးချချင်ရုံသပ်သပ်စိတ်သာ ရှိခဲ့သော်လည်း နေလာရင်း တဖြည်းဖြည်းနှင့် ဤမိသားစုဝင်များ၊ သူငယ်ချင်းမိတ်ဆွေများ၏ အရေးပါမှုကို တဖြည်းဖြည်းနားလည်လာကာ သံယောဇဉ်တွယ်လာမိကြောင်းကို သူ့ကိုယ်သူ တဖြည်းဖြည်း သဘောပေါက်နားလည်လာသည်။ ဤအကြံအစည်ဖြစ်ပေါ်လာရသည်ကလည်း အဆိုပါသံယောဇဉ်တို့ကြောင့် ဖြစ်လေ၏။ ညီမတော်လေးချင်းဟယ်၏ ရှိုက်ကြီးတငင်ငိုကြွေးသော မျက်ရည်တို့က ဤလမ်းပေါ်ကို တွန်းပို့ပေးခဲ့ခြင်း ဖြစ်၏။ သူ နောင်တတော့မရပေ။ ထို့အပြင် မိသားစုကို ကာကွယ်လိုလျှင် မိမိတွင် အများကြောက်ရမည့် အင်အားရှိဖို့လိုကြောင်းကိုလည်း သူနားလည်သွားသည်။ သူ့အတွက်သူဆိုလျှင်တော့ အာဏာလိုချင်မည် မဟုတ်သော်လည်း မိသားစုကို ကာကွယ်နိုင်ရန် လူတိုင်းကြောက်ရသည့် အရှိန်အဝါရအောင် သူကြိုးစားရမည်။ ဘုရင်မဟုတ်လျှင်တောင် ဘုရင်လောက်နီးနီး အင်အား သူလိုချင်လာလေသည်။

သူအတွေးထဲနစ်မြောနေတုန်းမှာပင် ထိုက်ကျိနန်းတော်၏ ချန့်ထျန်ဂိတ်တံခါးဝနား ရောက်လာချေပြီ။ ထို့ကြောင့် သူလည်း အနီရောင်မြင်းပေါ်မှ သစ်သားသေတ္တာလေးတစ်ခု ထုတ်ယူလိုက်ကာ နန်းတော်ထဲသို့ ဝင်လာခဲ့လေသည်။

သူရောက်နေ‌ကြောင်း ကျောက်ခိုင်က လျှောက်ထားပြီးဖြစ်သောကြောင့် လီယင်လည်း ယန့်ရှီးနန်းဆောင်ထဲသို့ ဝင်ခဲ့လိုက်သည်။ အထဲတွင် စစ်ကျီနှင့်လီကျစ်တို့သည် ဧကရီချန်စွန်း၏ဘေး၌ လိုက်တမ်းပြေးတမ်းကစားနေကြလေသည်။ လီယင်ဝင်လာသည်ကို မြင်လိုက်သောအခါမှ -

“ အစ်ကိုတော် ခြောက် ” ဟု နှုတ်ဆက်ရင်း ပြုံးရယ်ကာ အနားသို့ ရောက်လာကြလေ၏။

လီယင်လည်း ရယ်မြူးကာ ကလေးနှစ်ယောက်ကို လက်တစ်ဖက်စီမှ ဆွဲ၍ ဧကရီချန်စွန်းရှေ့သွားလိုက်ပြီး -

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now