114

323 22 0
                                    

အခန်း၁၁၄။ မြေအောက်ပိုက်လိုင်းများ စတင်တူးဖော်ပြီ(၁)

တုံယွင်ပြန်သွားပြီးသည်နှင့် လီယင်သည် အိမ်စေမိန်းကလေးတစ်ယောက်အား ရုံးတော်တွင်ဝတ်ရသည့် ဝတ်စုံကို ယူခိုင်းလိုက်သည်။ သတင်းထောက်လှမ်းရေးခေါင်းဆောင် ဖြစ်လာသည့် စုမောအာတစ်ယောက်ကတော့ အလွန်အလုပ်ရှုပ်နေပြီဖြစ်၍ အနီးအနားတွင် မမြင်ရသည်မှာတောင် ကြာပြီဖြစ်သည်။ ထို့ကြောင့် သွက်လက်၍ ချစ်စရာကောင်းလှသော ယွင်အာအား သတိရမိသော်လည်း ထန်မင်းဆက်ခေတ်တွင် ဖုန်းမရှိ၊ ယွင်အာလည်း ဖုန်းမရှိသဖြင့် ဆက်သွယ်ဖို့ရန်မှာ ခက်ခဲလှပေသည်။ ယွင်အာ၏ အစ်မဝမ်းကွဲ‌အား မေးလျှင်လည်း အချည်းနှီးသာဖြစ်ပေမည်။ သူမ နေထိုင်သောနေရာနှင့် ဤစံအိမ်မှာ ကီလိုမီတာပေါင်းများစွာ ကွာဝေးလေရာ ရောက်နိုင်မည့် လမ်းကြီးရှိသော်ငြား သုံးရက်ခရီးခန့်ဝေးသော အစ်မဆီသို့ ယွင်အာ အမြဲလာနိုင်မည်လည်း မဟုတ်ပေ။

ရုံး‌တော်ဝတ်စုံဝတ်ဆင်ပြီးသွားသည့်အခါမှာတော့ လီယင်သည် ထန်မင်းဆက်ခေတ်မှ အဆင့် ခြောက် တော်ဝင်အရာရှိတစ်ဦး ဖြစ်သွားချေပြီ။ အစိမ်းရောင်ဝတ်ရုံနှင့် အစိမ်းရောင်ဦးထုပ်တို့မှာ လိုက်ဖက်လှသည်ဟု လီယင်တွေးမိ၏။

လီယင်တစ်ယောက် စက်မှုဝန်ကြီးများရုံးတော်ကို မရောက်ဖြစ်သည်မှာ ကြာလှလေပြီ။ ဝန်ကြီး ကျောက်ကျဲ့ကတော့ အရှင်မင်းကြီးထံ လီယင့်အကြောင်း နေ့တိုင်းလိုလို အစီရင်ခံသော်ငြား အရှင်မင်းကြီးသည် နှုတ်ဖြင့်သာ လီယင့်အပေါ် အပြစ်တင်သော်လည်း လက်တွေ့တွင် မည်သည့်အရေးယူမှုမှ မလုပ်သဖြင့် ကျောက်ကျဲ့လည်း မကျေမချမ်းသာဖြစ်နေရလေသည်။ အရှင်မင်းကြီးမှာ မိမိအပေါ် အလွန်ကာကွယ်ပေး‌ထားသဖြင့် လီယင်လည်း အရှင်မင်းကြီးမျက်နှာမပျက်စေရန် နေ့တိုင်းမသွားနိုင်လျှင်တောင်မှ ယခုလို ရံဖန်ရံခါတော့ သွားရောက်ကြည့်ရှုစစ်ဆေးလေ့ရှိလေသည်။

“ အရှင့်သား ရောက်လာပါပြီလား ”

လီယင်တစ်ယောက် ရုံးတော်ဂိတ်တံခါးဝသို့ ရောက်ရောက်ချင်းမှာပဲ ခုန်းချီနှင့် ဝမ်ရှန့်တို့က နှုတ်ဆက်လိုက်သည်။ မြေအောက်ပိုက်လိုင်းများကိစ္စကြိ တာဝန်ယူထားသူမှာ ၎င်းတို့သုံးဦးသာဖြစ်ပြီး လီယင်ကတော့ သုံးယောက်ထဲတွင် ခေါင်းဆောင်ဖြစ်၏။ ထို့ကြောင့် လီယင်မလာနိုင်သော ရက်များတွင် ၎င်းတို့နှစ်ဦးသည် လုပ်စရာအထွေအထူးမရှိပဲ ရုံးထဲတွင်ထိုင်ကာ လက်ဖက်ရည်သောက်လိုက်၊ သတင်းစာဖတ်လိုက်နှင့် အချိန်ကုန်လျက်ရှိကြလေသည်။ ထိုအခါမျိုးမှာတော့ အလုပ်အတူလုပ်ကြသူ အရာရှိများမှာ ၎င်းတို့ကို မနာလိုအားကျသောအကြည့်များဖြင့်သာ ကြည့်နေကြတော့သည်။ လီယင်မလာသော နေ့ရက်များတွင် ၎င်းတို့နှစ်ဦးမှာ ရုံးတော်တွင် အသက်သာဆုံးနှင့် ဇိမ်အကျဆုံးအရာရှိများ ဖြစ်လာကြတော့လေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Opowieści tętniące życiem. Odkryj je teraz