157

186 14 0
                                    

အခန်း၁၅၇။ အနာဂတ်အစီစဉ်

ထုံမုံ့၏ သနားစဖွယ် အသနားခံသောစကားကြောင့် လီယင်လည်း စိတ်သဘောထားပျော့ပျောင်းသွားကာ လက်ခံစဉ်းစားပေးလိုက်သည်။ ဤစခန်းမှာ အမှန်တကယ် နိုင်ငံတော်အတွက် အကျိုးပြုနေသော စနစ်တစ်ခုဖြစ်သည်ပင်။ ဤကဲ့သို့သောစခန်းမျိုး မည်မျှအရေးကြီးကြောင်းကို လီယင်သိသည်။ ဤလုပ်ငန်းမျိူး အပြိုင်အဆိုင်လုပ်ကိုင်ကြသူလည်း သိပ်မရှိလှ။ လက်ရှိ ထန်မင်းဆက်၏ စီးပွားရေးသမားများက ၎င်းအလုပ်မျိုးကို အကုန်အကျများသည်ဆိုကာ ရှောင်နေပုံရသည်။

ထို့အပြင် လီယင်အခုရောက်နေသည့်နေရာနှင့် ထန်မင်းဆက်တဝှမ်းမှ လူများကြား ဆက်သွယ်ရေး မပြတ်တောက်စေရန် ဤကဲ့သို့သော ပို့ဆောင်ဆက်သွယ်ရေးတွင် အရေးပါလှသည့် စခန်းများအား အသုံးပြုရန် စဉ်းစားမိလိုက်သည်။ ၎င်း၏ ကုန်ပစ္စည်းများကို ပို့ဆောင်နိုင်ရန် အလုပ်ကြမ်းသမားများကို ငှားရမ်းမည်ဆိုပါက ငွေကုန်ကြေးကျများပေမည်။ ဤစခန်းများကိုသာ အသုံးပြုပါနိုင်လျှင် ပို့ဆောင်ဆက်သွယ်ရေး မြန်ဆန်ရုံသာမက ပစ္စည်းများ အန္တရာယ်ကင်းကင်း ချောချောမွေ့မွေ့ဖြင့် လိုရာကိုရောက်နိုင်သလို မလိုအပ်သော ကုန်ကျစရိတ်များကို များစွာ လျှော့ချနိုင်ပေမည်။

ပို၍ဟန်ကျသည်က ကွမ်းကျုံးရှိ အဓိကလမ်းမကြီးသည် ယီကျိုးနှင့်ချမ်အန်းကို တိုက်ရိုက် ဆက်သွယ်လျက်ရှိခြင်းပင်။ ထို့ကြောင့် အစစအရာရာ ပိုအဆင်ပြေလှပေ၏။ မိမိယီကျိုးတွင် ရောက်နေစေကာမူ မိမိ၏ကုန်ပစ္စည်းများကတော့ ရှေ့လျှောက်ကာလတွင် ချမ်အန်းသို့ မြန်မြန်ဆန်ဆန်ရောက်နိုင်တော့မည်ဖြစ်ပြီး ချမ်းသာကြွယ်ဝမှုများစွာ ထပ်မံရရှိနိုင်ဦးမည် ဖြစ်ပေသည်။

၎င်းအချက်ကိုတွေးမိကာ လီယင်သည် ထုံမုံ့နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ကာ ကိုယ့်လူဖြစ်လာအောင် သိမ်းသွင်းနိုင်ရန် လိုအပ်ပေသည်ဟု ခံစားမိလေ၏။

ထို့ကြောင့် လီယင်သည် -
“ အင်း ... တော်ဝင်နန်း‌တော်အတွက် အမှုထမ်းဆောင်နေတဲ့ အရာရှိကြီး ထုံမုံ့ဟာ အခုအချိန်မှာ ဒီလို အကြပ်အတည်းမျိုးကို ရင်ဆိုင်နေရတာပါလား ... အဲ့ဒါကို မင်းသားတစ်ပါးအနေနဲ့ ကိုယ်တော် ဘယ်လိုလုပ် ဒီအတိုင်း ကြည့်နေနိုင်ပါ့မလဲ ... အဲ့ဒီ့တော့ မောင်မင်းကို ကိုယ်တော် စာတစ်စောင်ရေးပေးလိုက်မယ်။ အဲ့ဒီ့စာကိုယူပြီး ချမ်အန်းပြည်က ရှန့်ထန်ကုန်သည်များအသင်းကြီးဆီမှာ ထုံနျန်ဆိုတဲ့ ကုန်သည်ကိုရှာပြီးရင် သူ့ကိုပေးလိုက်ပါ။ သူက ဒီစာကိုမြင်ရင် မောင်မင်းကိုလက်ခံတွေ့ပြီး ကုန်ပစ္စည်းတချို့ပေးပါလိမ့်မယ် ” ဟု ပြောလိုက်လေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now