1

596 37 3
                                    

"ကိုကို"

ငါ လူမှန်းသိကာစထဲက ငါသိတာဆိုလို့ တခုဘဲရှိတယ်။အဲ့ဒါ ငါရဲ့ ကိုကို ကိုဘဲ။

"ကိုကို သားနဲ့ကချားကြမယ်လေ"

"ကိုကို ဒါသားအကြိုက်ဆုံးရုပ်ရုပ်။ကိုကို့ ကိုပေးတာ"

"ကိုကိုးးးကသားဟာ"

"ကိုကို့အတွက် မုန့်မုန့်"

ကိုကိုနဲ့ ငါကအိမ်နီးချင်းတွေ ကိုကို့အမေနဲ့ ငါ့အမေနဲ့ကလဲရင်းနှီးတယ်။အကိုနဲ့ငါဆို ဟိုးးး ငါ မွေးကထဲကသိလာကြတာ။အဲ့တုန်းကဆို ကိုကိုက ငါ့ကိုတကယ်ကြည့်မရခဲ့ဘူး။

"အမလေး satang တို့ကတော့ သူ့ ကိုကို နဲ့ဆိုမနိုင်ဘူး"

ကိုကို့ မေမေက ငါတို့ကို ပြုံးရင်းဆိုသည်။
ကိုကိုက ငါသူ့နားကပ်ရင်မကြိုက်ဘူး။ငါကအဲ့
မကြိုက်တာကိုမှ လုပ်ချင်တာ..

"Mae ဒီကလေးကိုသူ့အိမ်ပြန်ပို့လိုက်စမ်းပါ"

ကိုကိုက ငါ့ကိုလက်ညှိုးထိုးကာ သူ့ရဲ့ မေမေကိုပြောလိုက်တာပင်။

"သားကလဲ ညီလေးက သားကိုခင်လို့လေ"

"ကိုကိုက သားကိုမဂျစ်ဝူးလား"

"အွန်း မချစ်ဘူး ပြန်တော့"

ကြည့် အခုလဲ ..အကိုက ငါ့ကိုဆိုအမြဲအဲ့လိုချည်းပင်။

"အာ့ဆို ဟင့် ဟင့် သားပြန်တော့မယ်"

"နေအုန်း ချစ်တယ် ချစ်တယ်။ရပြီလား"

မျက်နှာငယ်လေးနဲ့ပြောလိုက်မှ အကိုကရတော့သည်
အကိုက ငါ့ကိုချစ်ပါတယ်..ဒါပေမဲ့ သူကပြောဖို့ဆို အမြဲတမ်းရှက်နေတတ်တယ်။

"ဟီးးး ကိုကိုကချစ်စရာရီး"

ငါ ကိုကို့ရဲ့ပါးကို မမှီမကမ်းနဲ့လှမ်းနမ်းလိုက်တော့ ကိုကိုကရှောင်သည်။

"မနမ်းနဲ့ ငါမင်းကိုမချစ်ဘဲနေလိုက်မှာ"

"ကိုကိုကလဲ အီးဟီးးး"

"ဟ မငိုနဲ့လေ satang တိတ်တော့"

ငါ့ရဲ့ငိုသံကြောင့် ကိုကိုရဲ့အမေကထွက်လာကာ ကိုကို့ ကိုလာဆူသည်။

"Winny ညီလေးကိုအော်လိုက်ပြန်တာလား"

"အဲ့ကောင်ကလာနမ်းတာကို အသက်က ၄နှစ်ရှိပြီ စကားလဲမပီသေးဘူး"

Be my guitarist Where stories live. Discover now