ဒုန်း!
Mae လက်ထဲက မုန့်ထည့်လာတဲ့ဗန်းကျသွားတဲ့အသံ..
"သား.."
"Mae ဒါက.."
ငါနဲ့မောင် အမြဲနေရာခွဲကာ ငါလဲအကျီအမြန်ဝတ်
လိုက်သည်။"သားရှင်းပြမယ် ဒါက.."
"ဘာမှပြောစရာမလိုဘူး"
"ဟင် Mae"
"Mae မေးတာဘဲဖြေ"
"ဟုတ် ဟုတ်"
"သားတို့ကတွဲနေကြတာလား"
"ဟုတ်ပါတယ် Mae"
ငါတို့နှစ်ယောက် ခေါင်းလေးတွေငုတ်ကာ အသံပြိုင်ဖြေလိုက်သည်။
"တွဲတာဘယ်လောက်ကြာပြီလဲ"
"ဟို..ဒီနေ့တပတ်ပြည့်တာပါ"
"Mae တော့သားတို့ကအရမ်းငယ်သေးတယ်ထင်တယ် ဒါကငယ်သေးလို့စိတ်ကစားတာတခုဘဲ"
"မဟုတ်ဘူး ကျတော်..."
"Satang..သားကိုလဲအားနာပါတယ် သားနဲ့နောက်လာမပတ်သတ်ပါနဲ့ အန်တီမင်းအမေကိုဘာမှပြန်မပြောပါဘူး"
"ကျတော်က ကိုကို့ ကိုစစတွေ့ထဲကချစ်လာတဲ့လူပါ။ဒါကစိတ်ကစားတဲ့အရာဆို ၁၆နှစ်လုံးလုံး ကိုကို့ တစ်ယောက်ထဲကိုဘဲချစ်လာတာက အသက်
ငယ်သေးတဲ့ဆိုတဲ့ အပြစ်နဲ့ဘာမှအရေးမပါတော့ဘူးပေါ့""မောင်.."
မောင်ဟာ ငါ့ရှေ့မှာတင် ငါ့လက်ကိုဆွဲကာ ငါ့အမေကိုရင်ဆိုင်နေသည်။
"ကျတော်တို့ငယ်သေးတာကိုကျတော်သိပါတယ်။အန်တီစိတ်ပူတာကိုလဲကျတော်နားလည်တယ်..ဒါပေမယ့် ကျတော်တို့ကိုခွင့်ပြုပေးပါ။ကျတော် သက်သေပြပါ့မယ်"
"အန်တီ စဉ်းစားပေးမယ်။အဲ့အတောအတွင်း သား winny ဆီမလာပါနဲ့ ဒီလောက်တော့လုပ်ပေးပါ"
မောင်ကငါ့ဘက်ကိုတချက်လှည့်ကြည့်တော့ ငါခေါင်းငြိမ့်ပြလိုက်တာကြောင့် မောင့်ဘက်ကလဲ သဘောတူလိုက်ကာ ထွက်သွားသည်။
ငါ မောင်အိမ်ထဲဝင်ပြီး နောက်ကျောလေးကိုမမြင်ရတော့သည်အထိ အခန်းထဲကနေကြည့်နေမိသည်။
"သား အဖေကိုမပြောသေးပါဘူး။အခုတော့ အမေ့စကားနားထောင်ပေး"
ငါ ခေါင်းတချက်ငြိမ့်ပြလိုက်ကာ ခပ်လေးလေးသက်ပြင်းတွေကိုဘဲချနေမိသည်။
_______________________
"ကိုကို"