3

232 29 4
                                    

Happy Birthday Winny ဆိုတဲ့စာတန်းကြီးကပ်ထားတဲ့ ကိုကိုရဲ့အိမ်ဧည့်ခန်း

ဒီနေ့က ငါ့ရဲ့ကိုကို ၁၂နှစ်ပြည့်ပြီ။ကိုကို ဒီနေ့အရမ်းပျော်နေသည်။ကိုကို့ရဲ့အပြုံးကို ငါကြိုက်တယ်။

ကိုကိုပျော်ရင် ငါလဲပျော်သည်။

ဒါက ၁၀နှစ်အရွယ်ငါ့ရဲ့အရိုးသားဆုံးဝန်ခံချက်ဘဲ။

"ကိုကို ဒါကိုကို့အတွက်"

ကိုကို့ရှေ့ရောက်တာနဲ့ ကိုကို့အတွက် ငါကိုယ်တိုင်ရွေးထားတဲ့ မွေးနေ့လက်ဆောင်လေးကိုအလျင်အမြန်ပင်ထုတ်ပေးလိုက်သည်။

ကိုကိုက ငါပေးတဲ့လက်ဆောင်ကို ကြည့်ကာ ငါ့ကို ပြောသည်။

"ဒါဘာလဲ"

"ဝက်ဝံရုပ်"

ငါပြောတော့ ကိုကိုက ရီကာ ခေါင်းခါသည်။

"ငါကကလေးမှမဟုတ်တာကို"

"ကိုကိုကလဲ ဒီနားမှာ $ ပုံစံလေးတွေ့တယ်မလား။အဲ့တာ
ကျတော့်ကိုကိုယ်စားပြုတယ်ဗျ။ ကိုကို့အနားမှာကျတော်မရှိနေရင်...."

"ဒီအရုပ်ကမင်းအစားငါ့အနားမှာရှိနေမှာပေါ့ အဲ့လိုလား"

ကိုကို့ အပြောကြောင့် ငါပြုံးကာခေါင်းကိုအခါခါငြိမ့်ပြလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ်"

"ဒါပေမဲ့ အဲ့အရုပ်တွေကသရဲဝင်လို့လွယ်တယ် ငါကသရဲကြောက်တယ်"

"ဟာ ဝင်ရင်တောင်မှ ကိုကို့ ကိုကာကွယ်ပေးမဲ့သရဲဘဲဝင်မှာဗျ"

"Winny သား သူငယ်ချင်းတွေလာပြီ"

ငါတို့စကားပြောနေတုန်း ကိုကို့ရဲ့မေမေကအော်ပြောသည်။

"အာ ဟုတ် Mae သားလာပြီ"

ကိုကိုက ငါပေးတဲ့အရုပ်လေးကိုပိုက်ကာ သူ့သူငယ်ချင်းတွေဆီသွားသည်။ငါမကြိုက်ပါ ကိုကိုက သူ့သူငယ်ချင်းတွေလာရင်ငါ့ကိုအမြဲပစ်ထားတယ်။

အခုလဲကြည့် အဲ့ fourth ဆိုတဲ့အသေးကောင်နားကပ်နေတာ...ငါကြည့်မရတော့တာကြောင့် သူတို့နားကိုသွားလိုက်သည်။

"ကိုကို!"

"အော် satang အကို ကိုရေယူလာပေးပါအုန်း"

Be my guitarist Where stories live. Discover now