2

237 24 2
                                    

"သားလေး မောင်လေးကိုလာကြည့်ပါအုန်း"

Mae ရဲ့ခေါ်သံကြောင့် ငါဆော့နေတာရပ်လိုက်ပြီး အိမ်ရှေ့ကိုပြေးသွားလိုက်သည်။

ငါကြည့်လိုက်တော့ ကလေးတယောက်ကိုချီထားတဲ့အဒေါ်ကြီးနဲ့ဦးလေးကြီးတယောက်

"ဒါဘေးအိမ်ကိုပြောင်းလာတဲ့ Mae ရဲ့သူငယ်ချင်းနဲ့သူ့အမျိုးသား။ဒါက သူတို့ရဲ့သားလေး satang တဲ့..သားတို့သွားဆော့ကြ"

အဲ့အဒေါ်ကြီးကသူ့ကလေးကိုငါ့နားလာချပြီးနှုတ်ဆက်ကာထွက်သွားသည်။ထိုကလေးလေးက ငါ့ကိုတောက်လျောက်လိုက်ကြည့်နေသည်မှာ ငါမနေတက်ခဲ့...ဘာလို့ဒီလောက်လိုက်ကြည့်နေတာလေ ငါကသူ့အဖေမှမဟုတ်တာ။

ငါတို့ဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်နေကြသည်မှာ တော်တော်ကြာသည်။နောက်ဆုံးတိတ်ဆိတ်မှုကိုဖြိုခွင်းဖို့ငါမေးခွန်းတခုမေးလိုက်သည်။

"မင်း အသက်ကဘယ်လောက်လဲ"

"၄နှစ် ကိုကိုကကော"

အဟွတ်! စစသိတဲ့အချိန်မှာတင် ခေါ်သည်က "ကိုကို"တဲ့

"၆နှစ်...မင်းနဲ့ဆို ၂နှစ်ကွာတယ် phi လို့ဘဲခေါ်"

"ဟင့်အင်း ကိုကိုလို့ဘဲခေါ်မှာ"

"မရဘူး ငါမကြိုက်ဘူး"

"ဟင့် အဲ့လိုဘဲခေါ်ချင်တာကို အီးဟီး"

"မငိုနဲ့ မငိုနဲ့ ကိုကိုလို့ဘဲခေါ်  နော်"

"ဟင့် လာ ကိုကို သားနဲ့ကချားကြမယ်"

အဲ့နေ့ထဲက ထိုကလေးက ငါတို့အိမ်ကိုဝင်လိုက် ထွက်လိုက်နဲ့လုပ်လာသည်။Mae ကလဲ သားလေး သားလေး ဆိုပြီးဇွတ်ကိုအလိုလိုက်ထားတော့ အဲ့ကလေးက တခါတလေ ငါတို့အိမ်မှာညပါအိပ်သည်။

"ကိုကို ဒါသားရဲ့မုန့်မုန့်  ကိုကို့အတွက်"

ဒီကလေးက ငါ့ကိုတော့အရမ်းခင်တွယ်ရှာသည်။ငါကတော့ အဲ့ကလေးကိုလုံးဝမကြိုက်ပါ။

"Mae ဒီကလေးကိုသူ့အိမ်ပြန်ခေါ်သွားလိုက်စမ်းပါ"

ငါအဲ့ကလေးကို လက်ညှိုးထိုးပြီးပြောလိုက်သည်။

"သားကလဲ ညီလေးကသားကိုခင်လို့ပါ"

"ကိုကိုက သားကိုမဂျစ်ဘူးလားဟင်"

Be my guitarist Tempat cerita menjadi hidup. Temukan sekarang