4

198 27 5
                                    

ဒီနေ့ငါ့ရဲ့နေ့ရက်တွေက အရင်နဲ့မတူစွာ ခြောက်ကပ်
နေသည်။အကြောင်းမှာ ငါ့ဘေးနားကနေ ကိုကို ကိုကို နဲ့လိုက်ခေါ်နေတဲ့ကလေးက ဒီနေ့ ထူးဆန်းစွာ ငါတို့အိမ်ဘက်ရောက်မလာလို့ဖြစ်သည်။

အမြဲတမ်းနောက်ကလိုက်ပြီး ကပ်နေတဲ့လူမရှိတော့ စိတ်ချမ်းသာပေမဲ့...တခုခုလိုနေသလိုခံစားရသည်။

ဘာလို့များမလာတာလိမ့်လို့သိချင်နေသော်လည်း winny ဆိုတဲ့ငါက အသက်သာငယ်တာ မာနကခပ်ကြီးကြီးရယ်နဲ့မို့ အခန်းထဲကတောင်မထွက်ဘဲ fourth နဲ့အတူဂိမ်းထိုင်ဆော့နေလိုက်သည်။

"Winny ဒီနေ့ဟိုကောင်လေးမလာဘူးလား"

"အင်း မလာဘူး"

"ထူးထူးဆန်းဆန်းပါလား မင်းလိုက်သွားလေ"

"ဘာကိစ္စငါကလိုက်သွားရမှာလဲ သူမရှိတာဘဲကောင်းတယ် နားအေးတယ်"

"မင်းကနေနိုင်တယ်ပေါ့"

"ငါကဘာလို့မနေနိုင်ရမှာလဲ တော်ပြီကွာ ငါအိပ်တော့မယ်"

"ဟ ဟေ့ကောင် နေအုန်း ပွဲမပြီးသေးဘူး"

"မင်းဘာမင်းဆော့လိုက်တော့"

Fourth ရဲ့အော်ပြောသံတွေကို လျစ်လျူရှုကာ ငါဖုန်းကိုပိတ်လိုက်သည်။ငါ ကုတင်ပေါ်ပစ်လှဲချလိုက်တော့ satang ပေးထားတဲ့အရုပ်လေးက ငါ့လက်ပေါ်ကျလာသည်။

"မင်းကငါနဲ့ဆော့ချင်လို့လား"

ငါ အဲ့အရုပ်လေးကို ကိုင်ရင်းကြည့်မိလိုက်တော့ satang ကိုလွမ်းမိသွားသည်။

"ဘာလို့မလာရတာလဲ satang"

ငါ အိပ်ပျော်သွားသည်။ငါ ပြန်နိုးလာတော့ ညနေ ၅ နာရီရှိနေပြီ။ငါ မနေနိုင်တော့လို့ အခန်းထဲက ချက်ချင်းထွက်ကာ Mae ဆီသွားလိုက်သည်။

"အော် သားအတော်ဘဲ Mae သားကိုတခုခိုင်းမလို့"

"Mae သားသိချင်တာရှိလို့ satang ကဘာလို့မလာတာလဲ"

"သားညီလေးကဖျားနေတာလေ။မနက်ကတောင် Mae တို့သတင်းသွားမေးလိုက်သေးတယ် ကလေးကမထနိုင်ဘူး"

"ဗျာ ဘာလို့သားကိုလာမပြောတာလဲ"

"သားကိုပြောမလို့ဘဲ Mae satang လေးအတွက်ဆန်ပြုတ်ပြုတ်နေတာနဲ့ဘဲမပြောဖြစ်တာ"

Be my guitarist Where stories live. Discover now