9

134 16 9
                                    

နောက်ဆုံးတော့ ဒီနေ့ ရောက်လာခဲ့ပြီ။

Gemini ပြိုင်ပွဲချိန်မရောက်ခင် နားနေခန်းထဲ စောစွာရောက်နေမိသည်။သူရောက်တော့ သူရယ် နောက်အဖွဲ့ဝင်တစ်ယောက်ရယ်ဘဲရှိသေးသည်။

တဖွဲ့လုံး အတူတူလာမယ်စီစဉ်ထားပေမဲ့ သူ့ကိုကိုနဲ့ဘဲလာမှာဆိုတဲ့ satang ကြောင့် အားလုံးကိုယ့်ဘာသာ လာဖို့ဘဲဆုံးဖြတ်လိုက်ရသည်လေ။

စင်နားရောက်တော့ ကန့်လန့်ကာ ကနေ အကိုပေါက်စ ရှိမရှိချောင်းနေချိန် ဖုန်းကနိုတီသံကြားလို့ ငါဝင်ကြည့်လိုက်သည်။

📨-Phi ရောက်ပြီ nong အရမ်းစိတ်မလှုပ်ရှားနဲ့
📨-Good luck နော် Fighting

ပြိုင်ပွဲဝင်ချိန်အတွင်းမှာ နားနေခန်းထဲကို ဘယ်သူ့ကိုမှခေါ်လို့မရတဲ့အတွက် fourth စာသာလှမ်းပို့ပြီး အားပေးလိုက်သည်။

သူ့လို လာအားပေးသူကတောင် စိတ်လှုပ်ရှားနေသည်။nong လို ယှဉ်ပြိုင်သူသာဆိုဘယ်လောက်တောင် စိတ်လှုပ်ရှားနေမလဲ။

"Satang မင်းအကောင်းဆုံးလုပ်ခဲ့နော် စိတ်ကိုအေးအေးထား good luck သွားတော့"

Winny Satang ကိုလိုက်ပို့ရင်းအားပေးစကားပြောလိုက်သည်။

ကိုကို့ရဲ့စကားကြောင့် ပြုံးပြလိုက်ပြီး ငါ နားနေခန်းထဲဝင်သွားလိုက်သည်။

နားနေခန်းထဲ အားပေးစကားပြောပေးမဲ့လူမရှိတဲ့လူတွေကလွဲလို့ ရှိတဲ့လူနှစ်ယောက်ကပြုံးဖြီးနေလေရဲ့။

"အမယ် မျက်နှာတွေကဖြီးနေတာဘဲ ဒီလိုဆို ဒီနေ့ငါတို့နိုင်မှာသေချာပြီပေါ့"

mark ရဲ့စကားကြောင့် Satang နဲ့ Gemini ခေါင်းကိုဆက်တိုက်ညိမ့်ကာ ထောက်ခံလိုက်သေးသည်။

Piano တီးရင်း ဆိုဖို့ကအဆင်မပြေတာကြောင့် Gemini နေရာကို mark ကဝင်လိုက်ရခြင်းပင်။ဒါပေမဲ့ gem သိပ်ဝမ်းမနည်းပါဘူး။သူ့အကိုပေါက်စ ကိုကြည့်ပြီးသေချာဆိုလို့ရသွားတာပေါ့။
______________________
ငါအလယ်ခေါင်ကျတဲ့နေရာမှာ ဝင်ထိုင်လိုက်ပြီး winny အတွက်နေရာဦးပေးထားလိုက်သည်။

တစ်ယောက်ထဲဟိုကြည့် ဒီကြည့်လုပ်နေတုန်း ထိုင်ဖို့နေရာရှာနေတဲ့ winny ကိုတွေ့တော့ ငါလှမ်းခေါ်လိုက်သည်။

Be my guitarist Where stories live. Discover now