1 - Dorotheos

92 3 0
                                    

🩰

ကျွန်တော် Northern Moor ကို ရောက်စဥ်က ၂၅နှစ် အရွယ်သာ ရှိသေး၏။ ကျွန်တော့်အဘိုး၏ သူငယ်ချင်းဖြစ်သူ Lord Henschel ထံသို့ အဘိုးဖြစ်သူ၏ နောက်ဆုံး ဆန္ဒကြောင့်သွားရောက်ခဲ့ရသည်။

"Henry တောင် ဆုံးပြီကိုး..."
"ဟုတ်ပါတယ် Lord Henschel...."

Lord Henschel က ကျွန်တော့် အဘိုးရဲ့ လက်စွပ်ကို ကိုင်ကြည့်ကာ ခေါင်းတငြိမ့်ငြိမ့်လုပ်နေခဲ့၏။

"သူ အေးအေးချမ်းချမ်း ဆုံးပါးသွားခဲ့တာလား?"
"ဟုတ်ကဲ့ ဘိုးဘိုး က နှလုံးရောဂါနဲ့ အေးအေးချမ်းချမ်း အိပ်ပျော်ရင်းဆုံးပါးသွားခဲ့တာပါ..."
"တော်သေးတာပေါ့.... ရောက်မှတော့... Northern Moor မှာ ဒီနွေရာသီနေပါဦးလား? အဘိုးရဲ့ မြေးလေးလည်း မနက်ဖြန်ဆို boarding school က ပြန်လာမှာ...
သူက တစ်ဦးတည်းသောသားလေးဆိုတော့ အဖော်မင်ရှာတယ်.... အိမ်ကို ဧည့်သည်လာရင် သိပ်ပျော်တာ..."
"ဟုတ်ကဲ့... ကျွန်တော့်မှာ စာရေးတာကလွဲပြီး ဘာမှ အလုပ်များများစားစား မရှိပါဘူး... ဒီမှာ ရေးလည်း အဆင်ပြေပါတယ်..."

Henschel မိသားစုမှာ သမီးတွေချည်း ၄ယောက်ရှိပြီး အငယ်ဆုံးသမီးဖြစ်သူ Diana သာ အိမ်ထောင်ကျခဲ့၏။ Diana က Dorotheos ဆိုသော သားလေးကို မွေးဖွားခဲ့ပြီး သိပ်မကြာခင်မှာပင် ကလေး၏ ဖခင်ဖြစ်သူက ထားရစ်ခဲ့တာကြောင့် ကလေးကို ဖခင်ဖြစ်သူ၏ မိသားစု အမည်ကိုမယူစေပဲ Henschel မျိုးဆက်အဖြစ်သာ ဆက်ခံစေ၏။

တနင်္လာနေ့ မနက်ခင်းတွင် Lady Diana နှင့် အတူ Northshire မြို့ငယ်လေးထဲ၌ အနည်းငယ်လှည့်ပတ်ကြည့်ပြီးနောက် ဘူတာရုံသို့ ရောက်လာခဲ့၏။

"Mommy..."

အနက်ရောင်ဆံနွယ်ကောက်ကောက်လေးများနှင့် အစိမ်းရောင်မျက်ဝန်းလေးတို့ဖြင့် လှပလှသော ၁၇နှစ်အရွယ် ကောင်လေးသည် Lady Diana ထံသို့ ပြေးလာကာ သူမကို ပွေ့ဖက်လိုက်၏။

အို သူသည်လှ၏။ ယောက်ျားလေးတစ်ယောက်အနေဖြင့် သိပ်လှပါ၏။

ဝိုင်းစက်နေပြီး အပြစ်ကင်းစင်သော မျက်ဝန်းစိမ်းလေးများရှိပြီး လှပသော ဆံပင်ကောက်ကောက်လေးများရှိသည်။

သူ၏ အသားအရည်က ဖြူလျလျနှင့် ခန္ဓာကိုယ်လေးမှာ ယောက်ျားလေးဆန်သော်ငြား နူးညံ့မှုတို့ငြိတွယ်နေ၏။

Heaven Knows I'm Miserable NowWhere stories live. Discover now