7 - please please please

17 2 0
                                    

တဒုန်းဒုန်းထုနေသော တံခါးသံကြောင့် Frank လန့်နိုးလာ၏။

သူ၏ အိမ်ခန်းသည် မှောင်မိုက်နေသလို ပတ်ဝန်းကျင်သည်လည်း မီးရောင်များကို မမြင်ရပဲ မှောင်မိုက်နေ၏။

"Mr. Salphedon...."
တံခါးအပြင်ဘက်က အသံကိုကြားရ၏။

သူသည် ခုတင်ပေါ်မှ ဖြည်းညင်းစွာထ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အဖျားရှိန်ဖြင့် ပူလောင်နေသည်ကို ခံစားရပြီး အလွန်အားနည်းနေသောကြောင့် အလျင်အမြန် မလှုပ်ရှားနိုင်....

သူတံခါးဖွင့်လိုက်ချိန်တွင် သူ့အိမ်ရှေ့မှာရပ်နေသော လူနှစ်ယောက်ကို တွေ့ရ၏။ မှောင်မိုက်သော ပတ်ဝန်းကျင်ကြောင့် ထိုလူနှစ်ယောက်၏ မျက်နှာတို့အား သေသေချာချာမမြင်ရပါချေ...

"ဘာကိစ္စလဲ...?"
ရုတ်တရက်ဆန်စွာပင် ထိုအမျိုးသားနှစ်ယောက်သည် Frank အား သူ့အိမ်ထဲက ဆွဲခေါ်ထုတ်သွား၏။

"ခင်ဗျားတို့ ဘာလုပ်တာလဲ!!!"
"Mr. Frank Salphedon....ခင်ဗျားကို လိင်တူချစ်ကြိုက်သူလို့ သံသယရှိတာကြောင့် စစ်ဆေးဖို့ ခေါ်သွားပါရစေ..."

ထိုလူနှစ်ယောက်ထဲက တစ်ယောက်က ပြော၏။
"နေဦး... နေဦး...!!! တစ်ယောက်ယောက်ကူညီပါဦး!!!"
ပတ်ဝန်းကျင်သည် ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်မှောင်မိုက်နေ၏။

သူစိမ်းနှစ်ယောက်က Frank ကို မြင်းလှည်းတစ်စီးထဲ တွန်းသွင်းလိုက်သည်။

"ခင်ဗျားတို့ ဘာလုပ်တာလဲ!!! ခင်ဗျားတို့မှာ ဒီလိုလုပ်ခွင့် မရှိဘူး!!!"
Frank က ပြောလိုက်၏။

"လိမ်ညာမနေပါနဲ့တော့ Mr. Salphedon...
ခင်ဗျားက လိင်တူချစ်ကြိုက်သူတစ်ယောက် ဆိုတာ ကျုပ်တို့မှာ သက်သေရှိပါတယ်..."
"ခင်ဗျား ဘာပြောတာလဲ ဘာသက်သေလဲ!!!"
"Dorotheos...."

Frank ၏ မျက်လုံးများ ပြူးကျယ်သွား၏။
"မဟုတ်ဘူး... မဟုတ်ဘူး!!! သူဘယ်မှာလဲ!!! ခင်ဗျားတို့ သူ့ကို ဘာလုပ်လိုက်လဲ!!!"

သူစိမ်းနှစ်ယောက်၏ ရယ်သံတို့မှာ Frank အား တစ္ဆေများကဲ့သို့ ခြောက်လှန့်နေ၏။

"Doro ဘယ်မှာလဲ!!! ခင်ဗျားတို့ Doro ကို ဘာလုပ်လိုက်လဲ!!!!"

🩰

Heaven Knows I'm Miserable NowМесто, где живут истории. Откройте их для себя