3 - My Tears Ricochet

22 3 0
                                    

🩰

"Achilles က Patroclus ကို ချစ်ခဲ့လား...?"
Doro က ကျွန်တော့်ကို မေးဖူး၏။

"ချစ်တာပေါ့...."
"ဘယ်လောက်တောင် ချစ်လဲ?"
"Achilles က Trojan စစ်ပွဲကြီးထဲကို ဝင်တိုက်ခဲ့တယ် Patroclus ရဲ့ သေဆုံးမှုအတွက် လက်စားချေဖို့ပေါ့...."

Doro က ပြုံးကာ ကျွန်တော့်ရင်ခွင်ထဲကို မှီဝင်လာခဲ့သည်။
"ခင်ဗျားသာ Achilles ဆိုရင် ကျွန်တော့်အတွက် စစ်ခင်းမှာလား Frank..."
သူက ကျွန်တော့်ကို မေး၏။

"မင်းအတွက်ဆို ကိုယ်ကမ္ဘာကြီးကိုပါ ပြာချရဲတယ် Doro..."
ကျွန်တော်ပြောတော့ Doro က ရယ်၏။

"မရယ်နဲ့ တကယ်ပြောတာ...."
ကျွန်တော်သူ့ရဲ့ ဆံနွယ်ကောက်ကောက်လေးတွေကို ဖွလိုက်၏။
"ခင်ဗျားက အရမ်းကို romantic လွန်းလို့ပါ..."
သူ့ရဲ့ စကားကြောင့် ကျွန်တော်ပြုံးလိုက်၏။

"ကျွန်တော် ဒီအချိန်ကိုရပ်ထားချင်တယ်..."
Doro က ပြော၏။
"ဘာလို့လဲ??? ကိုယ့်ကို မယုံဘူးလား? ကိုယ်မင်းကို အမြဲချစ်သွားမှာပါ..."
"မဟုတ်ဘူးလေ... ကျွန်တော်.... ကျွန်တော် ခင်ဗျားကြောင့် ကျောင်းကိုတောင်ပြန်မသွားချင်တော့ဘူး သိရဲ့လား....
ခင်ဗျား အနားမှာပဲ နေချင်နေတာ...."
"စိတ်မပူပါနဲ့ Doro.... မင်းကို ကိုယ်ကျောင်းပိတ်ရက်တိုင်းလာတွေ့ပါ့မယ်....
ဟင်?"
"Okok"

🩰

"Doro.... Doro.... နေပါဦး..."

Frank သည် Dorotheos နောက်သို့ တကောက်ကောက်လိုက်နေခဲ့၏။

Doro က သူ၏ ပြဇာတ်၌ ကပြမည်ဟု သဘောတူခဲ့သော်ငြား Frank အား တိုက်ရိုက်စကားမပြောသလို ကြည့်လည်း မကြည့်ခဲ့...

Doro ကဇာတ်ရုံမှ ထွက်လာချိန်တွင်တော့ Frank သည် သူ၏ နောက်သို့ အရူးတစ်ယောက်လို လိုက်လာခဲ့မိ၏။

"Doro ကိုယ့်ကို စကားလေးတော့ပြောပါဦး..."
မြင်းလှည်းတစ်စီး သည် သူတို့ကြားထဲက ဖြတ်သွားသည်။

"Doro!!!!"
Doro သည် သူ့အား လှည့်မကြည့်ခဲ့ပါ....

မြင်းလှည်းဖြတ်သွားပြီးသည့်နောက်တွင်တော့ Frank သည် Doro နောက်ကို ပြေးလိုက်ခဲ့သော်ငြား ရှုပ်ထွေးနေသော လမ်းမပေါ်ရှိ လူတို့ကြား Doro သည် ပျောက်ကွယ်သွားခဲ့၏။

သူ၏ ရင်ဘတ်မှ ရုတ်တရက်ထိုးအောင့်လာသောကြောင့် Frank မတ်တပ်မရပ်နိုင်တော့ပဲ အနီးအနားက အဆောက်အဦးတစ်ခုကိုမှီ၍ မြေပြင်ပေါ် ထိုင်ချလိုက်ရသည်။

သူ Doro ကို ပြန်တွေ့ကာစအချိန်လေးမှာ သူ့ရောဂါ၏ တိုက်စားမှုမခံချင်ပါ...
သူ Doro ကို တောင်းပန်ချင်၏။ Doro အနားမှာနေချင်သေး၏။ သူတို့နှစ်ယောက်ကြားက အမှားတွေကိုပြန်လည်ပြင်ဆင်ချင်ပါ၏။

သူအသက်တစ်ချက်ရှူလိုက်တိုင်း ရင်ဘတ်က ပိုအောင့်လာသလို အသက်ရှူရန်လည်း ပို၍ ခက်ခဲလာ၏။

"Doro... Doro... Doro..."
သူသည် အသက်ရှူသံ ပြင်းပြင်းတို့ကြားမှ Doro ၏ နာမည်ကို တသသရွတ်နေမိ၏။

"Frank..."

သူ၏ နာမည်ခေါ်သံကြောင့် Frank မျက်လုံး ဖွင့်ကြည့်လိုက်မိသည်။

To be continued....

Heaven Knows I'm Miserable NowWhere stories live. Discover now