2 - Swan Song

34 2 0
                                    

🩰

Doro ၏ အကြောင်းကို ပြောရပါလျှင် သိပ်ကို နှစ်လိုဖွယ်ကောင်းသော ကောင်လေးဖြစ်သည်။

Doro က ဘဲလေးအကကို နှစ်သက်သည်။ စန္တရားတီးရတာကို သဘောကျသည်။ ကျွန်တော်သိပ်မြတ်နိုးရတဲ့ စာပေကိုလည်း မြတ်နိုးတတ်ပါသေး၏။ အနုပညာကို Doro သိပ်ချစ်သည်။

ဒါတွေတင်မက မြင်းစီးရသည်ကိုလည်း သူနှစ်သက်ပြီး မြင်းတွေကို သိပ်ချစ်သည်။ အမဲလိုက်ရသည်ကိုလည်း သဘောကျပါသေး၏။ အားတဲ့အချိန်မှာတော့ ဓားရေးလေ့ကျင့်ဖို့ကိုလည်း မမေ့ပါချေ...

Doro က သိပ်ကိုပြီးပြည့်စုံသည်....

နောက်ထပ် Doro ချစ်ရသည်မှာ ကျွန်တော်ပင်ဖြစ်၏။

မှန်ပါသည်... ကျွန်တော် Doro ကိုသိပ်ချစ်ရသလို သူကလည်း ကျွန်တော့်ကို ချစ်၏။

Northern Moor ကို ကျွန်တော်ရောက်ပြီး သိပ်မကြာခင်မှာပင် Doro နှင့် ကျွန်တော်တို့ ငြိတွယ်မိခဲ့၏...

ထိုနေ့က မိုးတွေသည်းသည်းမဲမဲ ရွာနေခဲ့သည်။

ကျွန်တော်နှင့် Doro တို့ Lord Henschel ပိုင်ဆိုင်သော မြေကွက်ကျယ်ကြီးထဲ၌ မြင်းစီးရင်း မိုးတွေသည်းသည်းမဲမဲ ရွာလာတာကြောင့် ယာခင်းအနီးက သစ်သားအိမ်ငယ်လေးထဲ၌ မိုးဝင်ခိုခဲ့ကြ၏။

"ခင်ဗျားရဲ့ အံ့ဩစရာကောင်းတဲ့ ဇာတ်လမ်းတွေကို ပြောပြပါဦး..."
Doro က ကျွန်တော့်ကို တောင်းဆိုလာသည်။ သူက ကျွန်တော့် စိတ်ကူးထဲက ဇာတ်လမ်းတွေကို နားထောင်ရတာနှစ်သက်သည်။

"ဟုတ်ပြီ... ဒီတစ်ခါ မင်းကို Norse နတ်ဘုရားတွေအကြောင်းပြောပြမယ်..."

ထိုအခါ Doro က ကျွန်တော့်ရင်ခွင်ထဲမှာ မှီ၍ထိုင်လာသည်။ Doro က ကျွန်တော် ဇာတ်လမ်းတွေပြောပြရင် အခုလိုထိုင်နားထောင်ရတာကို သဘောကျသည်။

ခဏအကြာမှာ Doro က ကျွန်တော့်ရင်ဘတ်တွေကို ပွတ်သပ်လာ၏။ ကျွန်တော်ငုံ့ကြည့်တော့ Doro က ကျွန်တော့်ကို ရွှန်းရွှန်းစားစားစိုက်ကြည့်နေ၏။ အဲဒီနောက် Doro က သူ၏ နှုတ်ခမ်းများအား ကျွန်တော်၏ နှုတ်ခမ်းတို့ဖြင့် ထိကပ်လာ၏။

"Doro..."

ကျွန်တော် သည် အံ့ဩစွာဖြင့် နောက်ကို ဆုတ်လိုက်တော့ Doro က အနည်းငယ် စိတ်မကောင်းဖြစ်သွားပုံပေါ်၏။
"ခင်ဗျား ကျွန်တော့်ကို မနမ်းချင်ဘူးလား...."
"မဟုတ်ဘူး အဲဒီလို မဟုတ်ပါဘူး... ကိုယ် အံ့ဩသွားရုံပါ...."

Heaven Knows I'm Miserable NowHikayelerin yaşadığı yer. Şimdi keşfedin