part 1

1.9K 98 12
                                    

🌼မောင်လူဆိုး🌼

ကျောင်းသွားဖို့ ပြင်ရတာ မနက်စောစောတည်းက ခုထိကို ပြင်လို့ဆင်လို့ မပြီးတော့ဘူး..

"ဂျီမင် သား..မပြီးတော့ဘူး...
သားကျောင်းသွားမာလား ကျောင်းက သာဆီလာရမာလဲ မသဲကွဲတော့ဘူးနော်..."
"ပြီးပါပြီ မေမေရဲ့.."

အခန်းထဲက ခုမှထွက်လာတဲ့ ဂျီမင် မေမေကိုပြေးဖက်ပြီး ပါးလေးကို တရှုံ့ရှုံ့နမ်းကာ စနေသည်...

"ချစ်တယ်မေမေ.."
"တော်ပါရှင် ..ဖေဖေစောင့်နေတယ်... မနက်စာစာပြီး သွားတော့ ..
ဖေဖေက သားကိုပို့ပြီး မမကြီးကို ပို့ပေးရအုံးမယ်လေ..."
"ဟုတ်...မစားတော့ဘူး သွားတော့မယ် ဟီး..."
"မရ..."

အော် ပြောခွင့်တောင်မရလိုက် အပြင်သို့ ပြေးထွက်သွားတဲ့ ခလေးငယ်...

မမကြီးကျေးဇူးကြောင့် သားလေးမမွေးခင်ကတည်းက joen အိမ်တော်မာပဲ နေရတယ်...

သားလေးက မမကြီးရဲ့ joen ကိုယ်ပိုင်ကျောင်းမာ တက်ခွင့်ရတယ်..အစစအရာရာ မမကြီးက စီစဉ်ပေးတာ ..သားလေးအတွက် လိုလေသေးမရှိ စိတ်ပူစရာမလိုဘူးပေါ့...

"ယွန်း...သား ကျောင်းသွားပြီလား.."
"ဟုတ် မမကြီး...
မနက်စာ စားတော့မလား.."
"အင်း..."

....…

"စားလို့ရပြီနော်..."
"ယွန်း မနက်ဖြန် သားငယ် ပြန်လာတော့မယ်တဲ့ အ့ အမလာကြိုမယ်ဆိုတာ မဟုတ်ရဘူး..သူ့ကိုကို ကို လာကြိုပေးပါတဲ့..."
"ဟုတ် ရပါတယ်...ဂျီမင်းကို ပြောလိုက်ပါ့မယ်..."

ကျောင်းရှေ့ရောက်တော့ ဖေဖေကားကို ရပ်လိုက်သည်....

"ချစ်တယ်နော် ဖေဖေ မွ😘.."
"ဟုတ်ပါပြီ အတတ်လေးရယ်.."
"ဟီး...
သားသွားတော့မယ် ဟိုမာ ဟိုဆော့တို့ စောင့်နေပြီ....."
"ကောင်းပါပြီဗျာ..."

ကျတော့ဆီ ပြေးလာပြီး ဖက်လိုက်တာ လူတောင် နောက်ယိုင်သွားတယ်...

"ဖြေဖြေလုပ်ပါကွာ.."
"ချစ်လို့လေကွာ.."
"တော်ပါပြီ ကြောက်တယ်.."
"ဟား..ဟား..
ဒါနဲ့ မင်းတို့မိသားစုလေးက ပျော်စရာလေးနော် …
ငါလဲ ပျော်ချင်လိုက်တာ.."
"ခုက မပျော်လို့လား...."
"မဟုတ်ပါဘူး...မင်းက ပိုပျော်မယ်ထင်လို့..."
"အေး..ဟုတယ်...
လာသွားမယ်...အတန်းနောက်ကျနေပြီ...."

🌼မောင်လူဆိုး🌼Tempat cerita menjadi hidup. Temukan sekarang