part 5

906 59 2
                                    

🌼မောင်လူဆိုး🌼

ဂျီမင်တယောက် စာအုပ်လေးကို ကိုင်ကာ စိတ်ကူယဉ်ကမ္ဘာလေးသို့ ခေတ္တမျှ ရောက်နေစဉ်.....

"ဂျီမင်...
ဟျောင့်..ဂျီမင်...."

အသည်းအသံ ခေါ်နေတာကို သူ့ကိုများ သီချင်းလေးနဲ့ feel ကောင်းအောင် လုပ်ပေးနေသလို ထင်နေလားမသိဘူး အပြုံးကမပျက်...
ဟိုအဝင်တံခါးပေါက်က ကြည့်နေတဲ့ တယောက်ကတော့ လူကို စားမတတ်ဝါးမတတ်နဲ့ ဒီတယောက်ကလည်း $ရေးတောင်မလုပ်...

"ဂျီမင်...
Yarr...park Jimin....
ခေါ်နေတာ မကြားဘူးလား..."
"Yarr...ဟိုဆော့ သေနာကျခွေးကောင် ဘာလို့ငါ့ကို အော်ရတာလဲ ...အရေးထဲ လက်ကလဲ ပါလိုက်သေး ...ငါအရမ်းလန့်သွားပြီသိလား...စာအုပ်တောင်လွှတ်ကျတယ် ......
စိတ်ကူးယဉ်‌တာတောင် အကောင်းမနေရဘူး....ဟွန်း..."

‌သာသာယာယာခေါ်နေတုန်းက မကြားဘဲနဲ့ စိတ်မရှည်တော့လို့ အသံကုန်အော်ခေါ်ကာ ကျောကုန်းပိုရိုက်ပစ်လိုက်တော့ သူလန့်သွားတော့ အဆဲပါခံလိုက်ရသည်...

"အေး..ဆဲ...
ဟိုမာ မင်းလင်ဆိုသူရောက်နေတယ်...."
"ဘာ....!!"
"တိုးတိုး....ဘာလို့အော်လိုက်ရတာလဲ....ဟိုမာ တံခါးပေါက်ဝနားမာ ကြည့်နေတယ်...."

လင်.....ဟိုဂြိုလ်မွှေတဲ့ကောင်.....
သေချာတယ်...ဘယ်လိုငါနေတဲ့ အခန်းကိုသိတာလဲ.....
သွားပြီ...ကြည့်နေတယ်တဲ့ ငါဘာလုပ်ရမလဲ....
ကျစ်....ခွေးကောင် ပြသာနာရှာတော့မယ်...ပုန်းဖို့ကလဲ နေရာကမရှိ ထွက်ပြေးလို့ကလဲ အပေါက်ဝတည့်တည့်...

"ကိုကို...."

မသိချင်ယောင်ဆောင်ပြီး မသိမမြင်နေနေပါတယ်ဆိုမှ သူက ဒဲ့ခေါ်ချပလိုက်သည်....

"Wow..''

"အို...ချောလိုက်တာ....ငါကျောင်းမာတခါမှ မမြင်ဖူးဘူး.."
"ဟုပါ့..စတိုင်ကိုလဲ တချက်ရှိုး မိမိုက်လွန်တာ ရူးတောင်သွားအုံးမယ်"
"အေး..."

"ဒါနဲ့ ကိုကိုတဲ့ ဘယ်သူ့ကို ခေါ်တာလဲ..."
"မသိဘူးလေ..."

အတန်းထဲက မိန်းခလေး ယောက်ျားလေးအကုန်လုံး တယောက်တပေါက် ဆူညံ့ပွက်လောရိုက်နေသည့်အဖြစ်....

"မကြားတာလား ...မကြားယောင်ဆောင်တာလား ကိုကို....
မောင်က သတိရလို့လာတာကို ...ကိုယ့်ချစ်သူကို မသိသလိုပဲ နေတော့မာလား..."
"ကု...."
"ဟော..အသံလေးတော့ ထွက်လာသား..."
" မင်း..လာ အပြင်ထွက်ပြောရအောင်..."
"စိတ်ကောက်နေတာလား မောင့် ကိုကိုက..."
"ကု အပြင်ထွက်ပြောရအောင်နော်...."

🌼မောင်လူဆိုး🌼Where stories live. Discover now