part 9

763 52 3
                                    

🌼မောင်လူဆိုး🌼

ဂျီမင်နဲ့ ဟိုဆော့ ပြေးရင်းမှ အခန်းတခန်းထဲသို့ ဝင်ကာ တံခါပိတ်ပြီး နောက်သို့လှည့်ကြည့်လိုက်ရာ....

မိန်းခလေးတယောက်မာ ကုရဲ့ ပေါင်ပေါ်တက်ထိုင်ပြီးဟိုပွတ်ဒီပွတ်... တယောက်က ထယ်ရဲ့ လည်းပင်းသိုင်းဖက်ကာ နှုတ်ခမ်းတေကို မထိတထိ လိုက်နမ်းနေသည်... သူတို့နှယောက်တည်းလားဆိုမဟုတ်ဘူး...s ရယ် တခြားကောင်လေး နှစ်ယောက် မိန်းခလေး သုံးယောက်လဲ ရှိတယ်....
တခြားကောင်းလေးနှယောက်ကြည့်ရတာ ကိုရီယားလူမျိုးမဟုတ်ဘူး နိုင်ငံခြားသားအင်္ဂလိပ်လူမျိုး ထင်တယ်...

"ကု....."

ပါးစပ်က လွှတ်ခနဲ ထွက်သွားတယ်...ကိုယ့်ပါးစပ်ကိုသာ ကိုယ့်လက်နဲ့ ပြန်အုပ်လိုက်သည်....

"ကိုကို....."

ပေါင်ပေါ်တက်ထိုင်နေတဲ့ မိန်းခလေးအား တွန်းချကာ ဂျီမင့်အနားသို့ ‌ဒေါသလေးနဲ့ လျှောက်လာသူ ကုကု...

"အာ့..."

တံခါးကိုဖွင့်ကာ လှည့်ပြန်မည့်အလုပ် စောင့်ဆွဲခံလိုက်ရသော လက်တဖက်...
ဒေါသလဲထွက်တော့ အားနဲ့ဆောင့်ဆွဲလိုက်တာ ဂျီမင့်လက်လေးအတော်နာသွားမာ သေချာသည်....

"ဘာလာလုပ်တာလဲ..."
"........"
"ပြောတော့ မွေ့နေဆို ဘာလဲ..မွေ့နေက barကိုလာပြီး နှယောက်တည်းပျော်ပါးနေတယ်ပေါ့..."
"ကု..မလွန်နဲ့  ...
ငါကမင်းထက်ကြီးတယ်..မင်းတောင်လာသေးတာပဲ ဘာလိုငါက လာလို့မရမာလဲ..ပြီတော့ ငါနဲ့ ဟိုဆော့က သူငယ်ချင်း မစော်ကားနဲ့..."
"ဟက်...ဘာလို့လိမ်တာလဲ..ဘာကြောင့်လိမ်တာလဲပြော..."
"....."

ဟုတယ် လိမ်မိတယ် ဘာလို့လဲ ဂျီမင်ပြောတော့ရော ဒီလိုနေရာမျိုး ကုက လွှတ်ပါ့မလား....

"လွှတ် ကု...ငါနာတယ်..."
"ပြန်တော့..."
"မပြန်....ဘူး..."

စွာလာတယ် အတော်လေးကိုစွာလာတယ် ..မ‌ေကြာက်မရွံ့....မျက်နှာနားကို ကပ်ကာ တလုံးချင်းကို ပြောသွားတာ စိတ်ကတိုရတဲ့ကြားထဲ အသဲကပါ ယားသွားတယ် ..တကယ်ခလေးဆို အ့နေရာမာတင် ငိုသွားအောင် တင်ပါးကို နှချက်သုံးချက်လောက် ဆင့်ပြီးရိုက်ပလိုက်ချင်တာ...

🌼မောင်လူဆိုး🌼Where stories live. Discover now