part 2

1.1K 82 3
                                    

🌼မောင်လူဆိုး🌼

ဒီမနက်စောစောထရတယ် နဂိုနေ့တေထက်ကို စောပြီးထရ‌တာ ...
ကျောင်းသွားဖို့ကလဲ ပြင်ဆင်ရ...ဟိုကောင်ကို ကြိုဖို့လဲ လုပ်ရနဲ့ အလုပ်ကိုရှုပ်နေတာပဲ....သူက မနက်စောစောလေယာဉ်နဲ့ရောက်မာလေ...
သူသွားကြိုပြီး ကျောင်းတခါတည်း ပြေးရမာ ..ကျောင်ပျက်လို့မဖြစ်ဘူး....

"ဂျီမင် သားပြီးပြီလား ..
မနက်စာ လာစားတော့..."
"မစားတော့ဘူး မေမေ.."
"ဟဲ့ မစားလို့မရဘူးလေ..လာပါ နည်းနည်းလောက်တော့စားသွား..."

မေမေက အတင်းကျွေးနေတော့လဲ ပေါင်မုန့်တချပ်ကို ပါးစပ်ထဲ ထိုးထည့်ကာ ပလုပ်ပလောင်းနဲ့ ကော်ဖီတခွက်အမြန်သောက်ပြီး ပြေးထွက်လာခဲ့လိုက်သည်...

📞📞📞📞

"အေးပြော ဂျီမင်..."
"ဟျောင့် ငါဒီနေ့ နောက်ကျမယ်ထင်တယ်..ငါ့ကိုမစောင့်ကြနဲ့တော့.."
"အော်..အေးပါ.."
"အင်း..."

ဟိုဆော့ကို ဖုန်းကြိုဆက်ထားရတယ် မဟုတ်ရင် အ့ကောင် စောင့်နေအုံးမာ....
လေယာဉ်ကွင်းရောက်တော့ America ကနေ Seoul ကို ဆိုက်မယ့် လေယာဉ်ကို စောင့်နေရတော့သည်......
လေယဉ်ဆိုက်တာ မနည်းကြာနေပြီ ဒီကောင်က ဘယ်ရောက်နေလဲမသိဘူး ..လူကြားထဲ တိုးရှာနေရတာ ...စိတ်ညစ်တယ် ကျောင်းနောက်ကျနေပါပြီဆို သူ့ကိုရှာရတာ တလုပ်....

မတွေ့တဲ့ အဆုံး ဖုန်းခေါ်ကြည့်တယ် ဂြိုလ်ဆိုးကောင် လုံးဝ မကိုင်ဘူး....
သူနဲ့တူတဲ့လူ တယောက်တော့တွေ့လိုက်မိတယ်..ဒါမဲ့ဖြစ်နိုင်ပါ့မလား လက်တဖက်က tattoo တေနဲ့ အရပ်ကလဲ အရှည်ကြီး မိုးထိုးတော့မယ်...ဗလကြီးကလဲ ကြောက်စရာကြီး....
မဖြစ်နိုင်လောက်ပါဘူး...ကုကု အ့လိုတေ လုပ်ပါ့မလား မတွေ့ရတဲ့ ၁၀နှစ်အတွင်း အ့လောက်ပြောင်းလဲ သွားပါ့မလား....
တော်ပြီ..သူ့အမြန်တွေ့မှ ငါလဲစိတ်အေးရမာ....

လူကို တွေ့ရဲ့သားနဲ့ မမှတ်မိတဲ့ ကိုကို...ထားလိုက်အုံးမယ် ဘယ်ချိန်ထိ ရှာနေအုံးမလဲ ဆိုတာ..
အရင်တိုင်းပဲ ခလေးလေးလို သေးသေးကွေးကွေးလေး အသားလေးကလဲ ဖြူဖွေးဥနေတာပဲ.....

ဂျောင်ကု ဂျီမင်ရဲ့ အနောက်ကနေသာ ကြည့်နေလိုက်သည်...ဖုန်ခေါ်လဲ မကိုင်ဘူး..သူ့ကိုပဲကြည့်နေလိုက်တယ်...ဒါတောင် သူက ကိုယ်ကို တချက်တချက် မျက်စောင်းက ထိုးသေး ...
သူ့ကို ကြည့်နေတာ မကြိုက်လို့လား ..စိတ်တိုနေတာလားတော့ မသိ.....
တကယ်ဆို ပြေးဖက်ကာ သူ့ပါးလေးကို နမ်းပလိုက်ချင်မိတယ်..အကြာကြီး ဖက်ထားချင်တယ်....ဒါမဲ့ သူက ကိုယ့်ကို မမှတ်မိလေတော့ အသာလေးပဲ ကြည့်နေရသည်...

🌼မောင်လူဆိုး🌼Место, где живут истории. Откройте их для себя