ရွာထဲမှာတော့ရောင်းရန်ရှိသည်ဆိုတဲ့ လယ်ကွက်တွေတော့အများကြီးရှိနေ၏
သို့ပေမယ့် ပုံတိုင်းရဲ့အပေါင်ဆိုင်နဲ့ဝေးနေတာမို့ ရာချီ မလိုချင်ဘူး။
ရာချီကို ပုံတိုင်းချစ်လာအောင်လုပ်ဖို့လည်းကြိုစားရမှာမို့ အဝေးမှာတော့မနေချင်။အရမ်းလည်းမနီးအရမ်းလည်းမဝေးတဲ့ နေရာလေးမှာတော့ တစ်ကွက်တော့ရှိသေး၏
"ရာချီ ကိုယ်တို့ ဒီအကွက်ဘဲဝယ်ကြမလား"
"ဒါက နှစ်ဧကလောက်ရှိမယ် အကုန်လုံးဝယ်ပေးမလား "
"ကိုယ်ဝယ်ပေးပါ့မယ် "
"ဒါဆို ပိုင်ရှင်တွေနဲ့ ငွေချေဖို့အတွက် အဖေ့ရှေ့မှာ ချေမှ ရမှာမလား "
"အင်းလေ သူကြီးကဘဲ အာမခံပေးရမာ"
မြေကွက်ကလည်း စိတ်ကျေနပ်စရာသာဖြစ်နေလိမ့်မည်။ဒီထဲမှာ ထွက်နူန်းတိုးတဲ့ဟာတစ်ခုခုတော့ စိုက်ရမယ် အဲ့အတွက်လည်း စဉ်းစားပြီးပြီ အစက စပါးစိုက်ချင်ပေမယ့်
အဖေနဲ့တော့ အတူတူမလုပ်ချင်တာကြောင့်"ရာချီ ဘယ်လိုဖြစ်လို့ ဂရမ်က မင်းနာမည်ကြီးလဲ "
"သား နမည်ဆို သားရဲ့အပိုင်မို့လို့ပေါ့အဖေရဲ့"
"ဘယ်လို မင်းကဘယ်ကပိုက်ဆံနဲ့ နှစ်ဧကတောင်ဝယ်တာလဲ "
အခုကျတော့လည်း ဟေးလားဝါးလားဖြစ်သွားပြီမလား အဖေအထင်သေးတဲ့ အဖေ့သားက ဦးနှောက်တော့ရှိတယ်ဆိုတာ အဖေဘယ်မသိလဲ အဖေက ပိုက်ဆံသူ့လက်ထဲရောက်ဖို့လောက်ဘဲသိပြီး ပိုက်ဆံဘဲမက်တာ။
အခုလည်းဟုတ်ဟုတ်မဟုတ်ဟုတ် သူအထင်ကြီးအောင်လို့တော့ပြောပြအုန်းမည်။"အဖေသားကို အထင်သေးနေတာဘဲ သားကိုအိမ်မှာဘဲ အလုပ်မရှိအကိုင်လို့ဘဲထင်နေတာလား"
"ထင်နေတာမဟုတ်ဘဲ မြင်နေရတာလေ "
"အဖေ သားကို နည်းနည်းလေးမှမယုံ..."
"ဟုတ်ပါတယ်သူကြီး ရာချီက အလကားနေနေတာမဟုတ်ဘဲ ကျွန်တော့်ဆီမှာ ပိုက်ဆံလာလာစုနေတာ တကယ့်ကိုကြာနေပါပြီ
သူကြက်ဝိုင်းမှာ နိုင်လာတာတွေရော အကုန်လာလာစုတာပါ အခုသူစုထားတာက လယ်ဧကတွေဝယ်လို့ရတဲ့အထိပါ ပြီးတော့သူကြက်တိုက်တာကအလကားအားယားနေလို့လုပ်တာမဟုတ်ဘဲ ပိုက်ဆံတော်တော်ရပါတယ်"
YOU ARE READING
သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)
Randomပုံတိုင်းဆောင် +ရာချီဒွေး သူကြီးသားလေးနဲ့ အပေါင်ဆိုင်သားလေးတို့ကိုဖတ်ပေးကြပါအုန်းရှင့် တောရွာပုံစံလေးကိုမှ ကြိုက်နှစ်သက်ရင်တော့ဒါလေးဖတ်ဖို့တောင်းဆိုပါတယ်ရှင့်....။