Final part(Unicode)

7.5K 349 52
                                    

မင်္ဂလာဆောင်ပြီးတဲ့ နောက်မှာတော့ ရာချီရဲ့ပုံစံက အရင်တုန်းကနဲ့မတူဘဲ တိတ်ဆိတ်သွားခဲ့၏ အကြည့်တွေကလည်း အသက်မပါတော့ခဲ့ပေ။

ဘယ်သူ့နဲ့မှ ပြိုင်မငြင်းတော့ဘဲ ဖြစ်လာမယ့်အရာကိုသာ ဆက်သွားဖို့စိတ်ကူးလိုက်မိ၏

"ဒါဆို ကျွန်မတို့ကိုပြန်ခွင့်ပြုပါအုန်း "

"ဟုတ်ကဲ့ ဒီလင်ဒီမယားအိုအောင်မင်းအောင်ပေါင်းနိုင်ပါစေဗျာ "

သူကြီးရဲ့ ဆုတောင်းသံသာ ဒီစကားကြားတော့ ကျွန်တော် အဖေ့ကို ရွံရှာတဲ့အကြည့်တွေနဲ့ ကြည့်မိခဲ့တယ် အဲ့နေ့မှာဘဲ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့တာပေါ့
ရာချီဒွေးဆိုတဲ့ ငါက မိဘမဲ့ ဆိုတာဘဲ။

မြပိုးနွယ်တို့ မိသားစုက လာခေါ်သည်မို့ ကားနဲ့သာ လိုက်သွားရ၏
မိသားစုက ဘယ်လိုပျိုးထောင်ခဲ့လဲမသိပေမယ့် သူတစ်ယောက်ထဲသာ ကျွန်တော့်အမြင်မှာသိက္ခာမဲ့နေတဲ့လို့ ခံစားရ၏
သူတို့သည် ဂုဏ်သရေရှိအသိုင်းအဝိုင်းကဆိုပေမယ့် မျက်နှာတွေက အေးချမ်းကြ၏

"ရှင်ပျော်နေတယ်မလား ကျွန်မလို့သူငှေးသမီးက ရှင့်ကိုရွေးချယ်လို့လေ "

"ရီစရာဘဲ ဒါပေမယ့် ပြောပြလိုက်အုန်းမယ် အမှန်တရားဆိုတာ တနေ့ပေါ်လာမှာ ခင်များရင်ဆိုင်နိုင်အောင်ကြိုးစားထားပေါ့"

သူ့ဘေးမှာလာနိုင်တဲ့ မြပိုးနွယ်ကို ရွံရှာသည်မို့ သူ၏အသားနဲ့မထိအောင် ဘေးကိုကပ်လိုက်ပြီး စကားတစ်ခွန်းကိုလည်းသေသေချာချာလေးသူ‌ကြားအောင်ပြောလိုက်တာကြောင့် မြပိုးနွယ်၏ မျက်နှာသည် ပိုလို့တောင်တင်းမာလာခဲ့၏

<><><>
အချိန်အားကလည်း ကြာလွန်နေခဲ့ပြီး
လွမ်းလိုက်စဲလိုက်နဲ့ဘဲ ဖြတ်သန်းလာခဲ့မိတာပေါ့ နေတဲ့နေရာမသိတာမို့ အစ်ကိုပုံတိုင်းဘယ်ရောက်နေလဲဆိုတာလည်းမသိခဲ့သလို သတင်းလဲမကြားခဲ့ပါ ရွာကိုမေးတော့လည်းစာမလာ ဘာမလာဖြစ်နေခဲ့တာတဲ့

"အာ့...မေမေ ဗိုက် ဗိုက်က အစ်ပြီးနာလာပြီ"

"ဟဲ့ နင့်ယောင်္ကျားရော ဘယ်မလဲ "

"မေမေတို့ဘဲ လိုက်ပို့ပေးလို့မရဘူးလား"

"ရမလား နေအုန်းနေအုန်း ငါသွားခေါ်ပေမယ်"

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now