18(Unicode)

6K 333 26
                                    

လွန်ခဲ့တဲ့ အချိန်တစ်ခုလောက်ကပေါ့..
သူတို့လေးတွေရဲ့ အသက်လေးတွေက ၁၀ နှစ်ဝန်းကျင်မှာဘဲ လည်ပတ်နေချိန်

ကလေးဘဝဆိုသည့်အတိုင်း ဘာကိုမှ မစဉ်းစားမဆင်ခြင်ဘဲ သူတို့အတွက်ဘဲ သူတို့ကြည့်ခဲ့၏

အဲ့ဒီနေ့က မှတ်မှတ်ရရ အဖေဆီ့က စာမေးပွဲကျလို့ အဆူခံရသည့်နေ့ ပုံတိုင်း၏ အရွယ်သည် ၁၂ နှစ်သာသာ သာ ရှိနေမည်။
ရွယ်တူ သူငယ်ချင်းတစ်ယောက်မှ မရှိတဲ့ အချိန် ရွာထဲက ‌သစ်ပင်အောက်က ရေကန်လေးမှာဘဲ စာအုပ်လေးတွေကို အဖော်ပြုရင်း စိတ်ထွက်ပေါက်ရှာခဲ့လေတာပေါ့။
စာပေကို မြတ်နိုးတဲ့ပုံ‌တိုင်းဆောင်ကတော့
စာအုပ်လေးတွေ ဖတ်နေရုံနဲ့ တင် ပျော်ရွှင်မူကို အလူးအလဲ ခံစားရတော့သည်။

" တန်းခူးလမှ ဘာသီးအရွက် ဘာအရောင်လဲ"

"နံနတ်ပင် "

"ဟျောင့်ရာချီ မင်းမညစ်နဲ့ နံနတ်ပင်ဒီမှာရှိမလား "

"ရအောင်ရှာပေါ့ "

ဘေးမှာလည်း ခလေးငယ် တစ်အုပ်ရဲ့ ဆူညံသံကတော့ အနှောင့်အယှက်ဘဲ ဒါပေမယ့် ဒါပေမယ့် တစ်ခါမှ အထွန့်မတက်ခဲ့။
သူတို့နဲ့ ဝေးရာမှာဘဲ ‌စာဖတ်ရတော့မှာကြောင့် နည်းနည်းရွှေ့ကာ ခလေးတွေမရှိတော့တဲ့ နေရာကိုဘဲ‌ စာသွားဖတ်နေ၏

ဖက်!!

"ဟင် စွယ်တော်ရွက်လေးဘဲ "

စာအုပ်တည့်တည့်မှာ ကျလာတဲ့ စွယ်တော်ရွယ်လေးကို သူသေချာကြည့်ပြီးအတွေးတစ်ခုက ဝင်ရောက်လာခဲ့၏
မြေမထိဘဲ သစ်ပင်က ကျလာတဲ့အရွက်ကို စာအုပ်ကြားထဲ ညှပ်ထားရင် စာမေးပွဲအောင်တက်သည်တဲ့လေ။

"ကဲမင်းကို စာအုပ်ကြားထဲ ညှပ်ထားတော့မယ် ငါ့ကို စာမေးပွဲအောင်အောင်လုပ်ပေးရမယ်နော် "

သို့ပေမယ့် မသိမ်းလိုက်ရဘဲ စွယ်တော်ရွက်လေးဟာ လေလွှင့်ကာဘဲ ရေကန်ထဲသို့ ကျရောက်သွား၏

"ဟာဘယ်လိုလုပ်ရမလဲ "

လိုချင်သည် သူ့အပိုင်လို့စဉ်းစားပြီးပြီ ဆုလည်းတောင်းခဲ့ပြီးပြီလေ။
နောက်ဆုံးတော့ ရေထဲဆင်းယူရတော့မှာပေါ့လေ။

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now