29(Unicode)

4.7K 231 20
                                    

ဒီလိုကိစ္စတွေ ဖြစ်နေတဲ့ အချိန်မှာတော့
ရာချီကို ဘယ်မှသွားခွင့်မပေးဘဲ
အိမ်ထဲမှာသာ ပြသနာကို ဖြေရှင်းခိုင်းရင်း
လူမဆန်တဲ့ စကားတွေနဲ့ ချုပ်လှောင်ခံထားရ၏။
အခုထိ ရွာသူရွာသားတွေက သူ့မယုံကြည်ကြသေးချေ။

"ကျွန်တော်ကို အိမ်ပြန်ခွင့်ပြုပါ အဖေ "

"မရဘူး "

"ကျွန်တော်ပုံတိုင်းနဲ့တွေ့ချင်တယ် ကျေးဇူးပြုပြီး အိမ်ပြန်ခွင့်ပေးပါ"

"လူမဆန်တဲ့ လုပ်ရပ်ကိုလုပ်ပြီး ဘာမှ လာတောင်းဆိုမနေနဲ့ ရာချီ!"

"ကျွန်တော် မလုပ်တဲ့ အရာတစ်ခုအတွက် ကျွန်တော်က ဘာလို့ခေါင်းကိုင်ပြီး ဖြေရှင်းပေးနေရမှာလဲ အခု အားလုံးက ကျွန်တော့်ကို မယုံကြည့်ကြတော့ဘူးလားဗျာ"

"ပိတ်ထား !!"

သူစိတ်ထဲမှာ မွန်းကြပ်သလို ခံစားရပေမယ့် လူတွေကတော့ ဘေးက မြပိုးနွယ်ကိုသာ ဝိုင်းသနားနေကြ၏ မိန်းကလေးနဲ့ယောင်္ကျားလေးနှစ်ယောက်မှာ ဘာလို့လူတွေက ထိုမိန်းကလေးရဲ့စကားကိုဘဲ နားဝင်နေကြရတာလဲ။ မိန်းကလေးတွေကရော ကောက်ကျစ်ကြတယ်လို့ ဘာလို့မတွေးကြရတာလဲ။

"ကျွန်တော်မလုပ်ဘူး!!"

"ကျွန်တော် မလုပ်ခဲ့ဘူးလို့ !!!"

"အောက်တန်းကျတယ်ဆိုရင်တော့ ခင်များတို့ရဲ့ တစ်ဖက်သတ်အမြင်တွေကသာ အောက်တန်းကျလွန်းနေတာ "

နာကျည်းစိတ်တွေ ပေါက်ထွက်လာရင် ဘယ်သူမှ မနိုင်တော့သလို အခုရာချီရဲ့စိတ်ထဲမှာလဲ ပူလောင်မှုတွေ များလာတာကြောင့် အသားကုန် ဟစ်ပြီး ငိုယိုနေခဲ့တော့၏

"တော်တော့ရာချီ "

ရာချီ့ထံသို့ လက်ရွယ်လာတဲ့ ဖခင်ဖြစ်သူကို ကြားထဲက နှင်းရည် အမြန်လာဆွဲပေးတော့၏
ထိုခလေးမလေးရဲ့ မျက်ဝန်းတွေမှာလည်း သူ့အကိုအတိုင်း ဒေါသတွေထင်ဟက်လျှက်။

"စောက်ကောင်မ!!နင်ရဲ့မဟုတ်မမှန်စကားတွေကြောင့် ငါ့အကို အခုလိုပြောခံနေရတာ"

"နှင်းရည်းတော်စမ်း "

ဖခင်ကတားခဲ့ပေမယ့် ဂရုမစိုက်စွာဘဲ
ဖအေရဲ့ မျက်လုံးတွေကိုသေချာစိုက်ကြည့်ပြီး ခနှဲ့သလိုရီလိုက်ရင်း

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now