20(Unicode)

5.6K 309 12
                                    

အဖျားမကျသေးပေမယ့်
တစ်ယောက်သောသူက ဟင်းလုံးဝကိုမချက်တက်တာကြောင့် သူကဘဲ ဒိုင်ခံ ချက်ပေးနေရ၏ ဆိုင်ဟင်းကျတော့လည်း ဆီအရွှဲကြီးနဲ့ ချက်တာမို့ မကြိုက်တာကြောင့်

"ရာချီရေ..."

"ရာချီ..."

"ရာချီ!!"

အချိန်အတော်အတန်ကြာ မီးဖိုချောင်ကဘဲ
အော်ခေါ်နေလို့ မထွက်လာတာကြောင့်
အခန်းထဲတွေ ခြံထဲမှာများရှိနေမလားလို့
လိုက်လှန်ရှာနေခဲ့ပေမယ့် အရိပ်အယောင်တောင် မရှိ။

"ကျစ် ဒီကောင်လေး ဘယ်ထွက်သွားရပြန်တာလဲ "

"ပူံတိုင်း သားရေ "

ရုတ်တရက် အပြင်က အမေ့ခေါ်သံလားမသိ ကြားလိုက်လို့ နားစိုက်နေမိ၏ အမေက ဘာကိစ္စနဲ့ လာစရာကိစ္စရှိနေလို့လဲ။
ရာချီ နဲ့ယူခဲ့တဲ့ နေ့ထဲက ဒီအိမ်ကိုခြေဦးတောင် မလှည့်တဲ့ အမေကလေ။

"အမေ..."

"အမေနဲ့ အိမ်ခန လိုက်ခဲ့မလားသား "

"ဘာကိစ္စ ပြောစရာရှိလို့လဲ အပြီးခေါ်တာဆိုရင် ကျွန်တော်မလိုက်ဘူးနော် "

"သားကိုအမေ လွှတ်ထားပေးတာမို့ သားစိတ်တိုင်းကျ နေခွင့်လည်းပေးထားတယ်မလား ပြန်ခေါ်မှာကိုတော့စိတ်မပူနဲ့ ဒီတိုင်းလေးဘဲ သားကိုသိစေချင်တာ ရှိလို့လာခေါ်ရုံလေးပါ "

"ဒါဆို လိုက်ခဲ့ပါ့မယ် "

အမေ့ရဲ့ မျက်နှာကိုအကဲခက်ကြည့်ရုံအရ
သောကတွေ ပူဆွေးမှု တွေက ဖုံးလွှမ်းလျှက်။
ဒီလို တကူးတက လာခေါ်ပုံထောက်လျှင်
အကောင်းပြချက်တစ်ခုကလည်းရှိကို ရှိနေလောက်ပြီ။

"ဒီ ဆေးစာရွက်တွေကဘာလဲ အမေ "

"ဒါက မင်းအဖေရဲ့ ရောဂါ အခြေအနေဘဲ "

"ဘယ်လို "

"ဟုတ်တယ်သား မင်းအဖေက အဆုတ်ယောင်နေတာ ချောင်းဆိုးတာကလည်း လနဲ့ချီနေပြီ အခုနေတော့ ဒါက သာမန်လောက်ဘဲ ဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အခြေအနေဆိုးနိုင်တယ်တဲ့ အမေတို့ဘယ်လိုလုပ်ရမလဲသား "

"ဒီက ဆေးခန်းက ကုပေးလို့ရတဲ့ အခြေအနေမဟုတ်တဲ့ အတွက် အခြေအနေဆိုးလာတဲ့ အခါ ဒီဆေးခန်းက ဆရာက မြို့တက်လို့ပြောတဲ့ အချိန်ကျရင် တက်ရုံဘဲရှိတော့တာပေါ့ "

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now