တွေးရင်းတွေးရင်း ဝေးလာဆဲပါလား
ဘယ်အချိန်မှများ ရန်တွေကင်းပြီးဆက်ချစ်နိုင်မလဲ ဘယ်အချိန်မှများ အပူပင်ကင်းနိုင်မလဲ အဲ့လိုတွေ ဖြစ်ဖို့ ဘယ်အခြေအနေအထိ စောင့်နေရမှာလဲ။ခွပ်!
ပုံတိုင်း အဖေရဲ့ ထိုးချက်ကြောင့် အသွေးအသားကတော့ မဖြုံတော့ဘဲ
ရင်ဘတ်ထဲကတော့ နာစမြဲပါဘဲ။"ပြန်ခွင့်ပေးပါ "
တောင်းဆိုစရာမလိုခဲ့သင့်ဘူးလေ
နဂိုတည်းက အပြီးနေဖို့လာခဲ့တာမဟုတ်ဘဲ
အမေတစ်ယောက်တည်း အဘရဲ့ ကျန်းမာရေးကိုဂရုစိုက်ဖို့ မအားလပ်တာကြောင့် သူတို့ တောင်းဆိုတဲ့အတိုင်းလာခဲ့တာလေ။"ပုံတိုင်း မင်းကိုငါသွားခွင့်မပေးနိုင်ဘူး
တကယ်လို့ သွားချင်ရင်တောင် အဲ့ကောင်နဲ့ အပြတ်ဖြတ်ပြီးပြန်လာခဲ့ မဟုတ်ရင်မင်းငါ့အလောင်းကိုဘဲပြန်မြင်ရမယ် ""ကျွန်တော်ကို့အကြပ်မကိုင်ပါနဲ့ အဘ..
အဘတို့ထပ်ပြီးအဲ့လိုလုပ်နေခဲ့ရင်
ကျွန်တော်ရွေးချယ်ရမယ့်လမ်းကတစ်လမ်းဘဲဖြစ်နေလိမ့်မယ် ဒါက ရာချီလည်းမဟုတ်သလို မိဘတွေလည်းမဟုတ်ဘူး သေလမ်းဘဲ""မိဘစကားကို နားထောင်စမ်းပါပုံတိုင်းဆောင်ရာ ဘယ်လိုဖြစ်လို့ ငါတို့ပျိုးခဲ့တဲ့ အပင်က အဆူးတွေထွက်လာရတာလဲ"
"ရာ..ရာချီ!!"
ရုတ်တရက် ခြံဝနားကနေ ထွက်ပြေးသွားတဲ့ ရာချီရဲ့ပုံရိပ်ကြောင့် ပုံတိုင်းစိတ်ထဲ ရောက်ယက်ခက်သွားစေနိုင်သည် ။
နောက်ကနေ လိုက်သွားမလို့လုပ်ခဲ့ပေမယ့်
လက်ကိုလှမ်းဆွဲထားတဲ့ ဖခင်ဖြစ်သူထံမှ အမြန် ရုန်းလိုက်ရင်းမှ။"ကျွန်တော့်ကိုဆက်ပြီးမပျိုးထောင်ပါနဲ့အဘ
ကျွန်တော်က ရိုးရ်ိုးအပင်မဟုတ်ဘူး ဆူးပင်တစ်ပင်သာဖြစ်နေခဲ့တာပါ ""ပုံတိုင်းဆောင် မင်းရွေးချယ်မယ့်လမ်းက မင်းမှန်ပြီလို့ထင်နေတာလား "
"မဟုတ်ပါဘူး ကျွန်တော်မမှန်ပါဘူး
ဒါပေမယ့် ကျွန်တော် အချစ်ကြီးခဲ့တာပါ"နောက်ဆုံးတော့ ရုန်းနိုင်ခဲ့ပြီ။
စိတ်တော့မဖြောင့်သေးဘဲ
ရာချီရှိရာအရပ်ကိုပြေးသွားခဲ့၏
YOU ARE READING
သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)
Randomပုံတိုင်းဆောင် +ရာချီဒွေး သူကြီးသားလေးနဲ့ အပေါင်ဆိုင်သားလေးတို့ကိုဖတ်ပေးကြပါအုန်းရှင့် တောရွာပုံစံလေးကိုမှ ကြိုက်နှစ်သက်ရင်တော့ဒါလေးဖတ်ဖို့တောင်းဆိုပါတယ်ရှင့်....။