𝐄𝐩𝐢𝐬𝐨𝐝𝐞 - 𝟏

408 28 39
                                    

UNICODE

သာယာတဲ့ မနက်ခင်းတစ်ခု
လှပ ခမ်းနားတဲ့ အဆင်အယင်တွေအပြည့်နဲ့
ဖိတ်ဖိတ်တောက်နေသည့်
အီဆောင်းအထက်တန်းကျောင်းကြီးအတွင်း
မိန်းကလေး ကျောင်းသူတွေကတော့
ထူးမခြားလှတဲ့ ပုံမှန်နေ့ရက်တွေလိုပဲ
ပြေးလွှား ဆော့ကစားနေကြတယ်။

တစ်ချို့ကျတော့လည်း
အစားအသောက် အမျိုးအစားပေါင်းစုံ
ခင်းကျင်းပြထားတဲ့ စုံလင်လှတဲ့ ကန်တင်းမှာ
ဝိုင်းဖွဲ့လျက် ရှိနေကြတယ်။

တစ်ချို့မိန်းကလေးတွေကျပြန်တော့လည်း
အတန်းထဲမှာပဲ မိတ်ကပ်ပြင်သူက ပြင်
မှောက်အိပ်သူက အိပ်နှင့်
အထက်တန်းစားတွေသာ တက်ရောက်နိုင်သည့်
အမျိုးသမီး အထက်တန်းကျောင်း၏
ကျောင်းသူတို့ရဲ့ စရိုက်များစွာ
ပေါ်ပေါ်လွင်လွင် ရှိကြသည်။

အဲ့သည်အထဲ ငြိမ်ငြိမ်ကလေး ထိုင်လို့
စကားလည်းမပြောဘဲ စာအုပ်နှင့်ခေါင်းမခွါတဲ့
ကျောင်းသူတစ်ယောက်လည်း အပါအဝင်ဖြစ်၏။

"ဟေး"

သူစာလုပ်နေသည့်ခုံကို တစ်ချက်လာပုတ်တော့
လန့်မိသွားလျက် မော့ကြည့်မိသည်။

"ငါက အီဟာနာပါ
အမေရိကန်ကနေ ဒီနေ့မှ ပြောင်းလာတာ"

အခုမှ စတွေ့ဖူးတာဆိုပေမဲ့ ရေပက်မဝင်
စကားတွေလာပြောနေသည့် ကျောင်းသူသစ်ကြောင့်
ကြောင်တောင်တောင်လေး ဆက်ကြည့်နေမိတော့
သူမက ကိုယ်နေရခက်နေမှန်း နားလည်ပုံရ၏။

"ဘာဖြစ်လို့လဲ အဆင်ပြေရဲ့လား"

"အာ..ဘာမှ မဟုတ်ပါဘူး အဆင်ပြေပါတယ်
ငါက ဟန်ဟာအွန်းပါ"

သူမက ပြုံးပြလျက် ခေါင်းငြိမ့်သည်။
ခနအကြာတိတ်ဆိတ်သွားသည့် လေထုကို
သူမကပဲ ပြန်၍ဖြိုခွင်းလျက် စကားစသည်။

"အိမ်စာကို ဘာလို့
တစ်ယောက်တည်း လုပ်နေတာလဲ"

"ငါက ဒီမှာ
ပညာသင်ဆုနဲ့တက်နေတဲ့ ကျောင်းသူလေ
အခြားလူတွေထက် စာကို ပိုပြီးကြိုးစားရမယ်
ပြီးတော့ ဒီက အခြားလူတွေနဲ့
ဘယ်လိုစကားပြောရမလဲ တကယ်မသိဘူး"

"ဟင် ဘာလို့လဲ"

ကြောင်တောင်တောင် ဖြစ်သွားပုံရတဲ့သူမကို
တစ်နေရာရာအား လက်ညှိုးထိုးပြလိုက်ရင်း..

𝐆𝐢𝐫𝐥𝐬 𝐎𝐯𝐞𝐫 𝐅𝐥𝐨𝐰𝐞𝐫𝐬 : 𝐅𝟒Where stories live. Discover now