𝐄𝐩𝐢𝐬𝐨𝐝𝐞 - 𝟒

193 19 50
                                    


UNICODE

"ကိုရီးယားက ပြင်သစ်ထက် ၈နာရီ စောတယ်
ဒီကိုရောက်ဖို့ ၁၂နာရီ ကြာတယ်
ပြင်သစ်ကနေ မနက် ၅ နာရီ ထွက်ရင်
ဆိုးလ်ကို ဘယ်အချိန်ရောက်မလဲဆိုတော့..."

"နင် ဘာလုပ်နေတာလဲ"

တစ်ယောက်ထဲ ပန်းတွေမစည်းနိုင်
သင်္ချာတွက်နေသည့် သူ့ကို
ဘက်ကီက လာဖက်ရင်း မေး၏။

"ငါ အချိန်တွက်နေတာ
ဆယ်ဂျောင်ဆန်းဘေးက မေးခွန်းတစ်ခုမေးလို့"

"အော် ဟိုနေ့က
နင့်ကို ကူညီတဲ့သူလား"

"အင်း ဟုတ်တယ်"

"အဲ့တော့ ဘာလဲ
သူက F4 မဟုတ်ဘူးလား"

"ဟုတ်တော့ ဟုတ်တယ် ဒါပေမဲ့
တခြားလူတွေလို မဟုတ်ဘူးလို့ ထင်တယ်
မသိတော့ပါဘူး သူတွေးခေါ်ပုံက မတူဘူး"

"အင်းပါ အင်းပါ
သတိတော့ထားပေါ့ ဒါပေမဲ့
နင့်အာရုံကို ငါယုံပါတယ် ဖြစ်နိုင်တာက
သူက သာမန်ကောင်မလေးတစ်ယောက်ကို
အနမ်းပေးမဲ့ မင်းသမီးလေးများလား"

ဘက်ကီက ပြုံးစိစိနဲ့စတော့
ဟာအွန်းလည်း ရှက်ပြုံးကြီးနဲ့။

"အာရီဂူး ဘယ်သူကနမ်းမှာလဲ
ငါက နင်မှ မဟုတ်တာ
ဒါနဲ့ အစ်မယူနာနဲ့ နင်တို့နမ်းလိုက်တယ်လို့
ငါ သတင်းကြားမိတယ်နော် အဟင်း"

"ရားးရားး နင်ဘာတွေပြောနေတာလဲ"

"အိုမို အိုမို ရှက်နေတာများ"

နှစ်ယောက်သား
တစ်ယောက်လက်မောင်း တစ်ယောက်ပုတ်ရင်း
ခိုးခိုးခစ်ခစ် ရယ်သံတွေကထွက်နှင့်
ပြောပြောပြီး ရှက်နေကြတာ မြင်မကောင်း။

"ဟဲ့ နင်တို့နှစ်ယောက်
ဘာတွေပြောနေကြတာလဲ နမ်းတာလား
အဲ့အကြောင်းကို ဟာသ မလုပ်ရဘူးလေ
ငါစိတ်ဆိုးတယ် ပထမဆုံးအနမ်းက
ညည်းတို့ မိန်းကလေးတွေအတွက်
အရမ်းအရေးပါတယ်"

"အနမ်းတွေက တကယ်ကြီး
အရေးကြီးတာလား အစ်မကြီးဂင်"

အစ်မကြီးဂင်ရဲ့ အပြောကို
ဘက်ကီက နားမလည်သဖွယ် ပြန်မေးသည်။

"ဒါပေါ့ ရှေးကျသလိုတော့ ဖြစ်လိမ့်မယ်
ဒါပေမဲ့ ပထမဆုံးအနမ်းက အရမ်းအရေးကြီးတယ်
ဘာလို့ဆို တစ်ကြိမ်ပဲ ဖြစ်မှာကိုး
ပြီးတော့ ပထမဆုံးအကြိမ် နမ်းလိုက်တာနဲ့
နင့်ရဲ့တစ်ကမ္ဘာလုံး ပြောင်းလဲသွားလိမ့်မယ်
အရမ်းစိတ်ကျေနပ်ဖို့ကောင်းတယ် အဲ့ဒါက..."

𝐆𝐢𝐫𝐥𝐬 𝐎𝐯𝐞𝐫 𝐅𝐥𝐨𝐰𝐞𝐫𝐬 : 𝐅𝟒Where stories live. Discover now