𝐄𝐩𝐢𝐬𝐨𝐝𝐞 - 𝟔

385 23 52
                                    


UNICODE

ဟာအွန်း ဒီနေ့လည်းပဲ
ပုဝါအဖြူလေးကို ကိုင်လျက်
ခေါင်မိုးပေါ် ထပ်တက်လာပြီးရှာတဲ့အချိန်
ဒီနေ့မှ အစ်မဆယ်ဂျောင်ကို တွေ့ရသည်။

ဝမ်းသာသွားတဲ့ စိတ်နဲ့
သူ့အနားကို အပြေးသွားလိုက်မိ၏။

"အစ်မ.."

သူ့ခေါ်သံကြားတော့
အစ်မဆယ်ဂျောင်က သူ့ကိုလှမ်းကြည့်တယ်။

"ဒီကို မင်းနေ့တိုင်းလာတယ်လို့ ကြားတယ်
ဘာလို့လဲ"

"အစ်မ အဆင်ပြေရဲ့လား
အစ်မအင်အာက...."

ပြောပြီး စကားသံဆက်ထွက်မလာတဲ့
သူ့ကို အစ်မဆယ်ဂျောင်က နားလည်ပုံရတယ်။

"ကိုယ်နဲ့ မမက
ငယ်ငယ်လေးကတည်းက ရင်းနှီးခဲ့ကြတယ်
ရင်းနှီးတာမှ သူဘာပြောပြော ဘာလုပ်လုပ်
အားလုံးကို နားလည်တဲ့အထိပေါ့
နောက်ပြီးကိုယ်သိတဲ့ သူ့ရဲ့အကျင့်ဆိုးတစ်ခုက
သူက တစ်ခုခုကို ဆုံးဖြတ်ပြီးသွားရင်
ပြောင်းလဲဖို့ ဘာမှပြောလို့ရမှာ မဟုတ်တော့ဘူး
အမြဲတမ်း သိခဲ့ပါတယ်
ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာ
ဘာပဲပြောပြောလေ အခုတော့
မေ့ပစ်ရမဲ့အချိန် ရောက်ပြီ ပြီးသွားပြီ
ကိုယ်လုပ်နိုင်တာ ဘာမှမရှိဘူး"

"သေချာရဲ့လား"

"ဒါက ဘဝပဲလေ"

နှစ်ယောက်ကြားထဲမှာ
ငြိမ်သက်တိတ်ဆိတ်သွားမှုတွေသာ
ကြီးစိုးသွားတော့တယ်။

*အင်အာထွက်သွားတာ
နင့်အတွက် အခွင့်အလမ်းကောင်းလို့
မထင်မိဘူးလား*

အစ်မကြီးဂင်ရဲ့ စကားသံဟာလည်း
ဦးနှောက်ထဲ အကြိမ်ကြိမ်ဝဲပျံလာလျက်။

မဖြစ်နိုင်မှန်း သိတာတောင်
ပါးပါးလေး အတွေးဝင်မိနေတုန်းပဲ။

ပေးဖို့ ယူလာခဲ့တဲ့ ပုဝါလေးကို
လက်ထဲမှာပဲ ဆုပ်ကိုင်ထားလျက်
ပြန်မပေးဖြစ်။

"ဘာဖြစ်လို့လဲ
ငိုင်နေလိုက်တာ မသိရင် အစ်မအင်အာကို
လုံးဝ ထပ်မတွေ့တော့မဲ့အတိုင်းပဲ"

အစ်မဆယ်ဂျောင်ရဲ့ အပြောကို
သူပြန်မပြောဖြစ်။

"အိုး အခုမှ သတိရတယ်
မမက မင်းကိုတွေ့ချင်တယ်လို့ ပြောတယ်
မင်းအတွက် လက်ဆောင်ပေးဖို့ ရှိတယ်တဲ့
သူနဲ့ တွေ့ချင်လား"

You've reached the end of published parts.

⏰ Last updated: Jan 30 ⏰

Add this story to your Library to get notified about new parts!

𝐆𝐢𝐫𝐥𝐬 𝐎𝐯𝐞𝐫 𝐅𝐥𝐨𝐰𝐞𝐫𝐬 : 𝐅𝟒Where stories live. Discover now