𝐄𝐩𝐢𝐬𝐨𝐝𝐞 - 𝟐

216 24 49
                                    


UNICODE

အတွေးထဲလည်း ဗြောင်းဆန်လျက်
လူကလည်း စိတ်မပါနေသည်မို့
ခြေကုန်လက်ပန်းကျသည့်ပုံ ဖြစ်နေသော်လည်း
သူ့ညီမလေးရယ် သူ့မိဘတွေရယ်က
သူ့အတွက် ပျော်ပါး အောင်ပွဲခံနေကြသည်။

"ဒီနေ့ကတော့ ဟာအွန်းရဲ့
အီဆောင်းအထက်တန်းကျောင်းမှာ တက်တဲ့
၂၂၂ ရက်မြောက်နေ့ ရောက်လာပါပြီ
ဒီအတွက် အောင်ပွဲခံဖို့
အကောင်းဆုံး ကြိုးစားထားပါတယ်"

"ရေးးးးး"

အာပါးရဲ့ အပြောကို
သူ့ညီမလေးက ရှယ်ထောက်ခံလျက်
တဟေးဟေး အော်သလို
အိုမားကလည်း ပြုံးပြုံးနှင့်။

"ဟာအွန်းရေ
ဘာလို့ ဖိနပ်တွေက စုတ်ပြတ်နေရတာလဲ
ဒီလိုမျိုးဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ
ဒါကို ကျောင်းကိုစီးစီးပြီး သွားနေတာ
သူငယ်ချင်းတွေက မစကြဘူးလားတော်"

အိုမားက သူ့ကိုစိတ်ပူသဖွယ် မေး၏။

"စီးလို့ရသေးလို့ ဆက်စီးနေတာပါ အိုမားရဲ့
ချွေတာရမယ်လေ ငွေပေါနေတာမှ မဟုတ်တာ"

"ဟိတ် ရှူး
ဘာလဲ ငွေပေါနေတာ မဟုတ်ဘူးတဲ့လား
ငွေရှိပါတယ်နော် အဲ့တာကြောင့်
ဒီနေ့ ဘဲကင်ဝယ်လာတာပေါ့"

ဖွက်ထားတဲ့ အထုပ်လေးကို
လက်ထောင်ပြလာလျက် ထုတ်ပြတော့
ညီမလေးက မျက်နှာရှုံ့မဲ့သွား၏။

"လျှောက်ပြောနေတယ် အာပါးကလည်း
ဒါကြီးက ဘယ်လိုလုပ် ဘဲကင်ဖြစ်မှာလဲ"

ပန်းကန်ပြားထဲ ထည့်လိုက်သော
အသားမရှိသည့် ဘဲကင်ကိုကြည့်ရင်း
ဟာအွန်းတို့ သုံးယောက်က စွံ့အလျက်သား။

"ဘဲနံရိုးကင်နဲ့ ထမင်း
ဝမ် ၂၀၀၀ တောင် ကျတယ်"

ခေါင်းငုံ့ကာ ရှက်ရှက်နဲ့ ပြောလေသည့်
အာပါးကို ညီမလေးကပဲ ပြန်၍
ထောက်ခံရ၏။

မနေနိုင်တော့သည့်အဆုံး
ဟာအွန်း ဝင်ပြောမိသည်။

"သမီး အဲ့ဒီကျောင်းတက်လို့
အားလုံး ပင်ပန်းနေကြရတာပါ"

"ဘယ်သူက ပင်ပန်းလို့လဲ
အိုမားတို့က ဂုဏ်တောင်ယူနေကြတာ
အိုမားတို့လို မိသားစုလေးက
ထိပ်တန်းကျောင်းကို အိုမားတို့သမီးကို ပို့နိုင်တယ်
ဘေးအိမ်က အဒေါ်ကြီးဆို လန့်သွားတာလေ
ကဲ ဘယ်လောက်တောင် ဂုဏ်ယူရလဲ"

𝐆𝐢𝐫𝐥𝐬 𝐎𝐯𝐞𝐫 𝐅𝐥𝐨𝐰𝐞𝐫𝐬 : 𝐅𝟒Hikayelerin yaşadığı yer. Şimdi keşfedin