𝐄𝐩𝐢𝐬𝐨𝐝𝐞 - 𝟓

149 16 31
                                    


UNICODE

"ကြည့်ပါအုံး
ရှင့်လို လူဆိုးကိုအချစ်နိုင်ပါဘူး ဘာညာနဲ့
စကားကြီးစကားကျယ် ပြောပြီး
အဲ့ဒီလူနဲ့ပဲ ညားတာပဲ"

"ရန်အကြီးအကျယ်ဖြစ်ပြီး
ဘယ်လိုလုပ် တွဲသွားကြတာလဲ"

တီဗွီမှာလာတဲ့ ဇာတ်ကားကိုကြည့်ရင်း
ပေါက်ပေါက်ဖောက်နေသည့်
အိုမားနဲ့ ညီမလေး။

"အင်း ဂန္တဝင်ဆန်ဆန် တင်စားရရင်
ချော်လဲကျပြီး နမ်းမိတာမျိုးပေါ့"

ဒီတစ်ခါက
အာပါးက ဝင်ပြောတယ်။

ဘယ်လိုတောင် တိုက်ဆိုင်လေခြင်းလို့
အာပါးကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။

"မတော်တဆ ပြုတ်ကျတာမျိုးပေါ့နော် အာပါး"

"အဲ့ဒီလိုဟာမျိုးက မတော်တဆ မရှိဘူး
သူတို့ချစ်နေတယ်ဆိုတာ
သူတို့မျက်နှာမှာ မြင်နေရတယ် တွေ့လား"

"ချော်လဲတာကို အကြောင်းပြတာ
ဘယ်သူက ချော်လဲပြီးတော့
နှုတ်ခမ်းချင်း ထိမိမှာလဲ မဖြစ်နိုင်ဘူး"

ဇာတ်ကားအကြောင်း
ပြောနေကြတာကို သိပေမဲ့
မလုံမလဲဖြစ်နေမိသည့် ကိုယ့်အတွေးတွေထဲ
ဘာဒါနဲ့ နှုတ်ခမ်းချင်းထိမိသွားတဲ့ဖြစ်စဉ်ကပဲ
ဦးနှောက်ထဲ တဝဲလည်လည်။

"ပြောရင်းနဲ့ ထိတော့မယ် ထိတော့မယ်"

"ကောင်းခန်းရောက်လာပြီဟေ့"

ဇာတ်ကားထဲမှာ ချော်လဲနေကြပြီဖြစ်တဲ့
မင်းသားနဲ့ မင်းသမီး။

"တွေ့လား သူတို့မျက်နှာကိုကြည့်
တမင်လုပ်တာ သိသာတယ်"

အိုမားနဲ့ အာပါးရဲ့
အာပေါင်အာရင်းသန်သန် ပြောဆိုမှုတွေကြား
တီဗွီကိုကြည့်နေပေမဲ့ ဇာတ်ကားကို မမြင်။

ချော်လဲပြီး နှုတ်ခမ်းချင်းထိမိသွားတဲ့
ဘာဒါနဲ့ သူ့ရဲ့ မနေ့ညက အဖြစ်အပျက်တွေ
ခေါင်းထဲ ပြည့်ကျပ်လာသည်။

*တမင်လုပ်တာ*

တီဗွီကို လက်ညှိုးကြီးထိုးပြီး
ပြုံးစိစိပြောတဲ့ အိိုမားတို့မျက်နှာနဲ့ အသံဟာ
နားထဲမှာ တဝဲလည်လည်။

𝐆𝐢𝐫𝐥𝐬 𝐎𝐯𝐞𝐫 𝐅𝐥𝐨𝐰𝐞𝐫𝐬 : 𝐅𝟒Where stories live. Discover now