𝐄𝐩𝐢𝐬𝐨𝐝𝐞 - 𝟑

187 21 60
                                    


UNICODE

အိမ်ပြန်ရောက်တော့လည်း
ဟာအွန်း အခန်းထဲမှာပဲ အောင်းနေမိသည်။

တစ်နေကုန်လည်း ပင်ပန်းလှပြီမို့
မိသားစုဝင်တွေနဲ့လည်း စကားမပြောနိုင်
ကိုယ့်အပူနှင့်ကိုယ် ငြိမ်းသတ်ရခက်လျက်။

ခုဏကအထိ တောက်လျှောက်
တံခါးတွေလာခေါက် လာမေးကြလုပ်ပေမဲ့
အခုတော့ သုံးယောက်သားငြိမ်နေသည်မို့
ဟာအွန်းလည်း အခန်းထဲက ထွက်လာလျက်
ဧည့်ခန်းကို သွားကြည့်လိုက်မိသည်။

"လှလိုက်တာ ကြည့်ပါအုံး"

အာပါးနဲ့ ညီမလေးက
ပါဆယ်ဘူးလေးကို ကြည့်လျက်
ပြုံးပျော်နေကြသည်။

"ဘာလုပ်နေကြတာလဲ"

နောက်ကနေ လှန့်သလိုဟန်နှင့် သူစလိုက်တော့
သားအဖနှစ်ယောက်သား လန့်သွားလိုက်တာများ
အော်လိုက်ကြတာ စလိုက်တဲ့ကိုယ်ပါ
ပြန်လန့်သွားရတယ်။

အာပါးက လက်ထဲက
ပါဆယ်ဘူးကြီး ကားရားကားရားနှင့်
ဟိုထားရမလို ဒီပို့ရမလို။

"ဒါက ဘာကြီးလဲ
အာပါး လက်ဆောင်ဝယ်လာပေးတာလား"

"လက်ဆောင် ဟုတ်တာပေါ့
ဒါပေမဲ့ အာပါးဝယ်လာတာ မဟုတ်ဘူး
သမီး အိုမား ဝယ်လာပေးတာ"

ပြောရင်းဖြင့် ဘူးလေးကိုဖွင့်ပြတော့
အနက်ရောင် ရှူးဖိနပ်လှလှလေးတစ်ရံ။

ဟာအွန်း ငြိမ်ကျသွားလေသည်။

သိပ်မကြာခင်ကတင်
သားအမိနှစ်ယောက် စကားများခဲ့ကြတာမို့လေ။

"အိုမား အိုမားအတွက်
ချမ်းသာတဲ့ကလေးတွေကပဲ အရေးပါတာလား
သမီးတို့လိုလူတွေ ဘယ်လောက်ခက်ခဲရလဲ သိလား
စတာပါလို့ အိုမား အကြိမ်ကြိမ်ပြောပေမဲ့
ချမ်းသာတဲ့သူနဲ့ လက်ထပ်စေချင်တာကတော့
တကယ့်စိတ်ရင်းပဲ မဟုတ်လား
သမီးအတွက်ကတော့ ချမ်းသာနေတာနဲ့ပဲ
အရာအားလုံးကို ဝယ်လို့မရဘူးလေ အိုမား
အပြစ်မဲ့တဲ့သူတွေအတွက် ခက်ခဲနေရတဲ့
လောကကြီးကိုရော သိရဲ့လား
ချမ်းသာတယ်ဆိုတဲ့ အရာကသာ
ရက်စက်တတ်တဲ့လူမျိုး ဖြစ်လာစေတယ်ဆိုရင်
သမီး ဆင်းရဲသားအဖြစ်ပဲ
ဆက်နေလိုက်တော့မယ်"

𝐆𝐢𝐫𝐥𝐬 𝐎𝐯𝐞𝐫 𝐅𝐥𝐨𝐰𝐞𝐫𝐬 : 𝐅𝟒Where stories live. Discover now