ငါကဗီလိန်ရဲ့ပါပါး

865 90 0
                                    

Chapter 40
October 21, 2023
Chapter 40

တောက်ပသော အခန်းထဲ၌ လင်းလော့ချင်းသည် ကျိယွီရှောင်၏ပေါင်ပေါ်တွင် ကားယားခွထိုင်၍ နာကျင်နေ၏။

၎င်းသည် တစ်ခါတစ်ရံ၌ ပြင်းထန်၍ တစ်ခါတစ်ရံ၌ ညင်သာ၏။  သူ၏လက်သီးဆုပ်များမှာ ကျိယွီရှောင်၏ပုခုံးတစ်လျှောက် တောင်ရောက်မြောက်ရောက် သွားနေရာ တက်လိုက်ဆင်းလိုက်ဖြစ်နေ၏။ သူသည် ကျိယွီရှောင်အား အပေါက်ဖြစ်သွားအောင် မလုပ်နိုင်သည်ကို မုန်းမိ၏။

"ညင်ညင်သာသာလုပ်ပါ" ကျိယွီရှောင်က အိပ်ရာပေါ်လှဲလျောင်းနေရင်း သတိပေးလိုက်၏။

"မင်းအားအရမ်းများတာပဲ။ မင်းယောကျ်ားကို သတ်တော့မလို့လား...."

လင်းလော့ချင်း, “……”

လင်းလော့ချင်း အားပြန်ညှိလိုက်၏။ "ဒီလောက်ဆို ရပါပြီလား သခင်လေး..."

"ပြင်းပြင်းလေးလုပ်စမ်းပါ။ မင်းက ငါ့ကို ကလိထိုးနေတာပဲ"

လင်းလော့ချင်း, “……”

လင်းလော့ချင်းလည်း နောက်တစ်ကြိမ် အားညှိရပြန်၏။ "အခု ပိုကောင်းလာပြီလား..."

"အင်း၊ မဆိုးပါဘူး" ကျိယွီရှောင် နောက်ဆုံး၌ စိတ်ကျေနပ်သွား၏။

လင်းလော့ချင်း ထိုသူ၏ ချိုသာနေသောအသံကို ကြားပြီး ဒေါသတကြီး နှာမှုတ်လိုက်၏။

ထို့နောက် ကျိယွီရှောင်မှ သူနှင့် ကားတကယ်မောင်းချင်ကြောင်းနှင့် ဒီကားကို ဘယ်လိုစမောင်းဖြစ်ကြောင်းကို တွေးလိုက်မိ၏။

ထိုသူဘယ်လို ဦးဆောင်လှုပ်ရှားပြီး အလိုအလျောက် ကားဆက်မောင်းအောင် လုပ်မလဲ သိချင်နေခဲ့ပေမယ့် နေ့တစ်၀က်လောက်ကြာပြီးမှ ကျိယွီရှောင်က သူ့ကိုတစ်ကယ်ကြီး နှိပ်ခိုင်းတယ်တဲ့လေ! 

ဒီလောက်ပဲလား? ဒီလောက်ပဲတဲ့!

ဒါကဘယ်လိုလုပ် သူ့ဆန္ဒဖြစ်သွားရတာလဲ...

"မနေ့က ငါတို့ပြောခဲ့တာ ဒီလိုမဟုတ်ဘူးလားလို့" လင်းလော့ချင်း မကျေနပ်တော့ချေ။

ငါကဗီလိန်ရဲ့ပါပါးWhere stories live. Discover now