chapter 91

720 121 2
                                    

Chapter 91
November 03, 2023
Chapter 91

လင်းဖေး လက်ဆန့်လိုက်ပြီး ရှားစောင်းဆူးကို ထိလိုက်သည်။ သူတို့က ခက်ခက်ခဲခဲ ဖောက်ထွက်လာကြခြင်းဖြစ်ပြီး လင်းလော့ချင်းတွင်လည်း ဆူးများရှိရန် သူ မျှော်လင့်‌လေသည်။

ထိုအချိန်တွင်လင်းဖေး သတိရနေသည့် လင်းလော့ချင်းက လီဟန်ဟိုင်းနှင့် လေ့ကျင့်နေလေသည်။

လီဟန်ဟိုင်းက မိတ်ကပ်စတိုင် ပြောင်းပြီးသွားသောအခါ သူ့အေးဂျင့်ကို ဓာတ်ပုံအနည်းငယ် ရိုက်ခိုင်းလိုက်ပြီး အင်တာနက်သုံးစွဲသူများ သိရှိရန် ဝေ့ပေါ်ပေါ်တွင် တင်ခိုင်းလိုက်သည်။

သေချာသည်မှာ သူ့ပရိသတ်များက ပို့စ်အောက်တွင် အော်ဟစ်နေကြလေသည်။

[အားးးဒါက လီဟန်ဟိုင်းရဲ့ပုံစံသစ်လား...အရမ်းချောတာပဲ...]

သူ့ကို လှောင်ပြောင်ခဲ့ကြသည့် အင်တာနက်သုံးစွဲသူများကလည်း ထပ်မံလှောင်ပြောင်ရန် ဓာတ်ပုံကို ကြည့်လိုက်သောအခါ ယခင်ပုံစံနှင့် လုံး၀ မတူသည့်ပုံစံအသစ်ကို တွေ့လိုက်ရလေသည်။

သူက တကယ်ချောတာပဲ...

"သူ့ပုံစံ ပြောင်းသွားပြီလား..."

"အိုးမိုင်ဂေါ့...လီဟန်ဟိုင်းမှာ အရမ်းမိုက်တဲ့နဖူးရှိတယ်ဟ..."

"အားးးငါ အရင်က သူ့ကို မကြိုက်ပေမဲ့ ဒီဓာတ်ပုံတွေကို ကြည့်လိုက်တော့ သူ့မျက်နှာနဲ့တင် ပွဲဦးထွက်နိုင်နေပြီ..."

"ဒရမ်မာမထွက်ခင် မ‌လှောင်ကြဖို့ မပြောထားဘူးလား...သူ့မှာ တခြားပုံစံရှိမရှိ နင်တို့က ဘယ်လိုလုပ် ကြိုသိမှာလဲ..."

"လုံး၀ စွန်းကျန်းပဲ...ငါ အဖွဲ့သားတွေကို ဒီပုံစံပဲသုံးပေးဖို့ ဒူးထောက်တောင်းဆိုပါတယ်..."

"ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအဖွဲ့က အရမ်းကောင်းတယ်...ယောကျာ်းလေးတွေလည်း ချောတယ်...မိန်းကလေးတွေလည်း လှတယ်...လုံး၀အိုင်ဒေါလ်ဒရမ်မာပဲ..."

"ဘယ်မိတ်ကပ်ပညာရှင်က အစ်ကိုလီကို ဒီလို ဖြစ်လာအောင် ပြင်ပေးလိုက်တာလဲ..."

ငါကဗီလိန်ရဲ့ပါပါးحيث تعيش القصص. اكتشف الآن