ငါကဗီလိန်ရဲ့ပါပါး

1K 110 2
                                    

Chapter 69
November 01, 2023
Chapter 69

ကျိယွီရှောင်မှာ ဤလူက အမှန်ပင် စိတ်အားထက်သန်ကာ အလွန်တက်ကြွသည်ဟု ခံစားရပေသည်။

ဒီဖက်မှာ ကလေးတွေက အိပ်နေတာကို လင်းလော့ချင်းက ကူညီပေးချင်နေသေးတယ်...

သူဘယ်လို ကူညီပေးမှာလဲ...

လက်နဲ့လား...

ကျိယွီရှောင်မှာ စိတ်အေးခါစတွင် ဤအခြေအနေကို ခံစားလိုက်ရပြီး ထပ်မံတိုးတက်လာပုံရပေသည်။

လင်းလော့ချင်းမှာ ဆက်တိုက်မေးနေပေသည်။

"မင်းလိုသေးလား..."

ကျိယွီရှောင်က နောက်လှည့်ကာ သူ့ရှေ့မှ လူကို အနမ်းတစ်ခုအတွက် ဖိထားလိုက်သည်။

"ငြိမ်ငြိမ်နေ..."

သူက လင်းလော့ချင်း၏ နှုတ်ခမ်းများကို ကိုက်လိုက်သည်။

"ဒီအတိုင်း ဆက်ဖြစ်နေရင် မင်းနဲ့ ငါ ဒီည အိပ်ရမှာမဟုတ်ဘူး..."

"အဲ့ဒါကြောင့် ကူညီပေးမယ်လို့ပြောတာပေါ့..."

လင်းလော့ချင်းက တီးတိုးဆိုလိုက်သည်။

"ကလေးတွေ ရှိတယ်လေ..."

"ကလေးတွေ မရှိရရင် ရလား..."

လင်းလော့ချင်းက သိလိုနေပေသည်။

ကျိယွီရှောင် : "..."

ကျိယွီရှောင်က ခေါင်းငုံ့ကာ ထိုလူကို ထပ်မံနမ်းလိုက်ပြီး လင်းလော့ချင်းကို တစ်ခွန်းမှမပြောနိုင်အောင် နမ်းလိုက်ပြီး လင်းလော့ချင်း၏ နှုတ်ခမ်းမှာ သူ့​၏ အကိုက်ခံနေရပေသည်။

'သူက လူတွေကို လှည့်စားတဲ့နေရာမှာ တကယ်တော်တယ်...'

ကျိယွီရှောင်က သူ့ကိုကြည့်ပြီး စိတ်ထဲမှ မေးလိုက်လေသည်။

'ဆွဲဆောင်မှု ရှိလိုက်တာ...'

"ကောင်းကောင်းနေ..."

သူက လင်းလော့ချင်း၏ နှုတ်ခမ်းကို နမ်းလိုက်သည်။

လင်းလော့ချင်းက မလွတ်ချင်ပဲ သူ့ကို ဖက်ထားလေသည်။ သူက ကျိယွီရှောင်ကို တွယ်တာမှုဖြင့် ကြည့်လိုက်လေသည်။

ငါကဗီလိန်ရဲ့ပါပါးWhere stories live. Discover now