chapter 93

938 144 2
                                    

Chapter 93
November 03, 2023
Chapter 93

ရက်အနည်းငယ်အတွင်းမှာပင် ယောင်မော့မော့၊ လီဟန်ဟိုင်း၊ ကျန်းချွမ်နှင့် ဝူကျားတို့မှာ လင်းလော့ချင်း၏ သင်ပြမှုအောက်တွင် တိုးတက်လာပြီ ဖြစ်သည်။ သူတို့၏ ဇာတ်ညွှန်းများကို ပြောသည့်အခါ သူတို့၏ ခံစားချက်များနှင့် အမူအရာများက ထင်ရှားလာရုံသာမက သူတို့၏ သရုပ်ဆောင် စွမ်းရည်များက အနည်းနှင့်အများ တိုးတက်လာပေသည်။ သူတို့က စတင်သည့်အချိန်ကထက် အရာရာပိုကောင်းလာပေသည်။

နောက်ဆုံးတွင် ဒါရိုက်တာကျန်းပင် နောက်ခံအသံသွင်းခြင်းကို စွန့်လွတ်ကာ မင်းသား၊ မင်းသမီးများ၏ မူရင်းအသံနှင့် ဇာတ်ညွှန်းများကို အသုံးပြုလိုလာပေသည်။

ထိုသို့ဖြင့် သူက လင်းလော့ချင်း၏ တောင်းဆိုချက်ကိုကြားသည့်အခါ စဉ်းစားခြင်းမရှိပဲ သဘောတူလိုက်လေသည်။

သူ့၏ စံပြသရုပ်ဆောင်စွမ်းရည်နှင့် အများကို ကူညီတတ်သော အကျင့်စရိုက်နှင့်ဆိုပါက အဖွဲ့ကို အားတက်ရန် ကူညီထားပြီး ဖြစ်​ေလသည်။ လင်းလော့ချင်းမှာ သူ့အား အပင်ပန်းသက်သာစေရန် များစွာ ကူညီထားသော သူဖြစ်လေသည်။

အဲ့ဒါက သူ့အချိန်ဇယားကို နည်းနည်း ရှေ့တိုးပေးဖို့ပဲ မဟုတ်လား... ဘာခက်လို့လဲ...

လင်းလော့ချင်းက နေ့တစ်ဝက်အနားယူလိုလျှင်ပင် သူက တုံ့ဆိုင်းခြင်းမရှိ သဘောတူမည်ဖြစ်ပေသည်။ သူက တစ်ရက်က လုံလောက်သည်လား ရက်အပိုထပ်ယူချင်သေးလားဟုပင် မေးမည်ဖြစ်သည်။

ဒါရိုက်တာများအားလုံးက စိတ်အားထက်သန်သော အနုပညာရှင်များကို ချစ်ကြပေသည်။ အထူးသဖြင့် အဖွဲ့ထဲတွင် ကောင်းမွန်သော လမ်းကြောင်းတစ်ခု ပြုလုပ်ပေးသူများ ဖြစ်ပေသည်။

အသေးအဖွဲကိစ္စများအတွက်မူ ဒါရိုက်တာကျန်းက စိတ်မရှိပါပေ။

လင်းလော့ချင်းက သူသဘောတူသည်ကိုမြင်ရာ ယောင်မော့မော့ကို ရှာပြီး ဤကိစ္စကိုပြောရန် အလျင်အမြန် ထွက်လာလိုက်သည်။

ယောင်မော့မော့က သူ့ကို အံ့ဩတကြီး ကြည့်လိုက်သည်။

"အဲ့ဒါဆို ငါတို့ သရုပ်ဆောင်ဖို့ အချိန်သိပ်မကျန်တော့ဘူးပေါ့..."

ငါကဗီလိန်ရဲ့ပါပါးWhere stories live. Discover now