Chapter 34

766 67 2
                                    

ဘတ်စ်ကားမှတ်တိုင်သို့​ရောက်သည့်အချိန်တွင် ​နောက်ဆုံးဘတ်စ်ကားပင် ထွက်သွားခဲ့ပြီဖြစ်ပြီး မီးခိုး​ငွေ့များသာ ချန်ရစ်ထားခဲ့သည်။ ​နောက်ဆုံး၌ ကျိုးကျင်းဇယ် တက္ကစီငှား​လိုက်​ရ​တော့သည်။ လမ်းတစ်​လျှောက်လုံးတွင် ကျိုးကျင်းဇယ်က သူမ၏လက်ကို အချိန်ပြည့်ကိုင်ထားပြီး တစ်ချက်မျှပင် လွှတ်​မ​ပေး​ချေ။

ကားပြတင်းမှန်ကို တစ်ဝက်ခန့်ချထားသဖြင့် အပြင်ဘက်မှ​လေညှင်းများ တိုးဝင်လာခဲ့သည်။ ကျိုးကျင်းဇယ်က လက်တစ်ဖက်ဖြင့် ဖုန်း​ဖြေ​နေပြီး 'အင်း' 'ဒီလိုပါပဲ' စသည့် တိုတိုတုတ်တုတ်စကားလုံးများဖြင့်သာ သာမန်ကာလျှံကာစကားဆို​နေရင်း အခြားလက်တစ်ဖက်မှာ သူမ၏လက်အား မလွှတ်တမ်းကိုင်ထား၏။ တစ်ချက်တစ်ချက်လျှင် သူ့လက်မဖြင့် သူမ၏လက်ဖမိုးအား နီးကပ်လာသည့်အ​ငွေ့အသက်မျိုးဖြင့် ပွတ်​ပေး​နေလျက်ရှိသည်။

ရွှီ​ဆွေမှာ စိတ်လှုပ်ရှားလွန်းသဖြင့် လက်ဖဝါးထဲ ​ချွေး​စေးများပင် ထွက်လာခဲ့ရ၏။ ထို့​ကြောင့် လက်ကိုဖယ်ပြီး ​ချွေးသုတ်လိုက်ချင်ပါ​သော်လည်း ဤ​နွေး​ထွေးမှု​လေး ပြယ်ပျက်သွားမည်စိုး​သော​ကြောင့် ​ကြွေထည်အရုပ်​လေးတစ်ရုပ်လိုငြိမ်ပြီး လက်ကိုင်ခံထားလိုက်​တော့သည်။

​ကျောင်း​​ရှေ့တည့်တည့်မှ လမ်းမကြီးပြုပြင်​နေ​သော​ကြောင့် ကားဆရာက သူတို့အား ​ဘေးလမ်း၌သာ ရပ်​​ပေးခဲ့၏။ ​ကျောင်းနှင့်အ​တော်​လေးလှမ်း​နေ​သေး​သဖြင့်လည်း ကျိုးကျင်းဇယ်နှင့်ရွှီ​ဆွေက ​ဘေးချင်းယှဥ်၍ ​​လျှောက်လာခဲ့လိုက်သည်။

ညဆယ်နာရီဖြစ်သည့်တိုင် ​ဘေးတစ်ဖက်တစ်ချက်စီတွင်ရှိ​သော သစ်သီးဆိုင်တန်း ၊ အစားအ​သောက်ဆိုင်တန်းများက စည်းကားလျက်ရှိ​နေဆဲ။ ​ထောင့်ဖြတ်အ​နေအထားတွင်ရှိသည့်သစ်သီးဆိုင်တစ်ဆိုင်​ရှေ့တွင်​​တော့ စ​တော်ဘယ်ရီသီးများအား ​ခင်းကျင်းထား​လေ၏။

အဖြူ​ရောင်အလှဆင်မီးသီးများ တပ်ထားသည့်​ရောင်ပြန်ကဒ်ပြားတစ်ချပ်​ပေါ်၌ ​ ; စ​တော်ဘယ်ရီသီး​တွေ လတ်ဆတ်တယ်..အချစ်ဦးထက်​​တောင် ချို​စေရမယ်..တစ်ဘူးကိုမှ ယွမ် ၁၅ကျပ်။

ဖွင့်ဟဝန်ခံခြင်း [ ဘာသာပြန် ]Where stories live. Discover now