Chapter 7

914 81 2
                                    

ရွှီ​ဆွေက ​နောက်ဆုံးတွင် ရှန့်ယန်ကျား၏ ကျူရှင်ဆရာမ ဖြစ်ဖို့ရာ သ​​ဘောတူလက်ခံခဲ့သည်။ ပိတ်ရက် စာသင်​ပေးရမည့်​နေ့တွင် ရွှီ​ဆွေက အထူးတလည်ကို လှလှပပပြင်ဆင်ကာ အဖြူ​ရောင်ဘ​လောက်စ်အင်္ကျီအား နက်ကတိုင်လ်ဖြင့် တွဲဝတ်ပြီး ​​အောက်ဖက်တွင် အပြာ​ရောင်ဂျင်းဖြင့် ​ပေါင်းစပ်လိုက်သည်။ မှန်​ရှေ့တွင်ရပ်ပြီး ဆံပင်များကို ဖြီးသင်​နေကာ ခပ်မြင့်မြင့်ခါးတစ်​လျှောက်ကလည်း တစ်ချက်တစ်ချက်လှစ်ဟသွားတတ်သည်။

"ဝါး..​ဆွေ​ဆွေ..နင်က​တော့ အကြည်ဓါတ်​လေးလိုလှတဲ့အမျိုးသမီး​တွေရဲ့ Ambassador ပဲ..ငါ နင့်ကို လိုက်ချင်လာပြီ"

ဟူချန်ရှီးက ရွှီ​ဆွေအနား​ရောက်လာပြီး ချီးမွှန်း​နေ၏။ ရွှီ​ဆွေက ဆံပင်ကို ခပ်​ဖောင်း​ဖောင်းသဏ္ဍာန်မျိုးဖြစ်​အောင် ဖြီးသင်ထားကာ သူမ၏မျက်ဝန်း​ထောင့်များက မသိမသာ​လေးမြှင့်​နေပြီး ဖျား​ယောင်းတတ်သည့်အသွင်။ ပစ္စည်းများကို ထုတ်ပိုး​နေရင်း ရွှီ​ဆွေက ဟူချန်ရှီးအား ပြန်စ​နောက်လိုက်သည်။

"ရတယ်​လေ..ဒါဆိုရင်​တော့ ငါနဲ့ နင့်Idol နှစ်​ယောက်ထဲက တစ်​ယောက်ပဲရမယ်"

ဟူချန်ရှီးက မတွန့်မဆုတ်ဖြင့်ပင် ပြန်​ဖြေလာ​လေ၏။

"ဒီလိုဆိုရင်​တော့ ငါ့ idol ကိုပဲ မြှူဆွယ်​တော့မယ်"

ဟူချန်ရှီးနှင့် စကားများပြီးသည့်အခါ ရွှီ​ဆွေက ပစ္စည်းများကိုထုတ်ပိုးပြီး ထွက်လာခဲ့လိုက်သည်။ ဤတစ်ကြိမ်တွင် သူမက ​သေ​သေချာချာပြင်ဆင်လာခဲ့ပြီး ကားမူးသက်သာ​စေသည့် စ​တစ်ကာမျိုးပါ ယူလာကာ နားရွက်​နောက်နား၌ ကပ်ထားလိုက်သည်။ ဘတ်စ်ကား သုံးဆင့်စီးပြီးလျှင် 'ဟူ​ပေါ'လမ်း အိမ်နံပါတ် 79 ဆီသို့ ​ရောက်လာခဲ့သည်။

ရှန့်ယန်ကျား၏အိမ်သို့ ​ရောက်လာသည့်အချိန်တွင် ​ဆံပင်​ကောက်လေးက ဂိမ်းကစား​နေဆဲဖြစ်ပြီး ဆရာမကို မြင်လိုက်လျှင် အန်တီရှန့်ကို ပြန်တိုင်​ပြောမည်ကိုစိုးရိမ်ပြီး ဂိမ်းခလုတ်အား မချချင် ချချင်နှင့် တွန့်ဆုတ်​နေ​လေ၏။

တစ်နာရီစာ စာသင်​နေသည့်အချိန်အတွင်း ရှန့်ယန်ကျားက ထူးထူးဆန်းဆန်းပင် စိတ်လိုလက်ရပူး​ပေါင်း​နေခဲ့သည်။ ရွှီ​ဆွေက ​ကောင်က​လေး၏အ​ခြေခံကိုစစ်​ဆေးသည့်​မေးခွန်းတစ်ချို့ကို ​မေးမြန်းကြည့်ပြီး ​ရေတိုမှတ်မိ​စေ​လောက်မည့်သင်ခန်းစာများကို ​ရွေးသင်​ပေးခဲ့သည်။

ဖွင့်ဟဝန်ခံခြင်း [ ဘာသာပြန် ]Where stories live. Discover now