Chapter 87

710 68 1
                                    

မနက်ခင်းမိုးမလင်ခင် သုံးနာရီအချိန် ၊ ကျိုးကျင်းဇယ်၏လက်​မောင်း​ပေါ် အိပ်​နေဆဲဖြစ်သည့် ရွှီ​ဆွေသည် အိပ်မက်ဆိုးတစ်ခု​ကြောင့် ရုတ်တရက်လန့်နိုးလာရသည်။ အိပ်မက်ထဲတွင် ဟူချန်ရှီးသည် သူမ၏မျက်စိ​ရှေ့၌ပင် ​တောင်ကမ်းပါးစွန်းမှ ခုန်ချသွားခဲ့ပြီး ရွှီ​ဆွေ ဘယ်လိုပင်လက်လှမ်းဖမ်းလိုက်ပါ​စေ မမှီ​တော့သည့်မြင်ကွင်း​ကြောင့် အသက်ရှူမြန်လွန်းရင်း နိုးလာခဲ့သည်။

ကျိုးကျင်းဇယ်လည်း ရွှီ​ဆွေ​ကြောင့်နိုးလာခဲ့ကာ ညအိပ်မီးအိမ်ကိုဖွင့်ပြီး ​ရေ​နွေး​နွေးတစ်ခွက်ငှဲ့​ပေးလိုက်သည်။ ​ချွေး​စေးများပြန်ပြီး လည်​ချောင်းတစ်​လျှောက်လုံး ​ခြောက်ကပ်​နေရခြင်း​ကြောင့် ဖန်ခွက်နားသို့နှုတ်ခမ်း​တေ့ကာ တစ်ခွက်လုံးနီးပါး​မော့ချလိုက်၏။

ကျိုးကျင်းဇယ်က ရွှီ​ဆွေ၏နဖူးကိုစမ်းကြည့်ရင်း မျက်နှာ​ပေါ်ကပ်​နေသည့်ဆံပင်တို့ကိုလည်း နားရွက်​နောက်သို့ပို့​ပေးလိုက်၍

"ဘာဖြစ်လို့လဲ"

ရွှီ​ဆွေ ; "ရှီးရှီး တစ်ခုခုဖြစ်တယ်ဆိုပြီး အိပ်မက်မက်လို့"

ရွှီ​ဆွေ၏ပုခုံးကိုလှမ်းထိန်း​ပေးထားသည့် ကျိုးကျင်းဇယ်၏လက်တစ်ဖက်မှာ တင်းခနဲဖြစ်သွားပြီး တစ်စုံတစ်ရာစကားဆိုမြည်အပြုတွင် အိပ်ရာ​ဘေး၌ထားထားသည့်ဖုန်းသံမြည်လာခဲ့ရာ စူးစူးရဲရဲမြည်​လောင်သွားသည့်အသံမှာ ​အေးချမ်းဆိတ်ငြိမ်​နေသည့်ညကို ထိုး​ဖောက်လာသည့်အလား​ပေ။

ရှန့်နန်းကျိုးထံမှ ဖုန်း​ခေါ်ဆိုမှု။

ကျိုးကျင်းဇယ် လက်ခံ​ဖြေဆိုပြီးစကားတစ်ခွန်းမဆိုရ​သေးခင် တစ်ဖက်လူထံမှ ကြားလိုက်ရသည့်စကားလုံးတို့​ကြောင့် မျက်နှာအမူအရာ​ရော မျက်ခုံးမျက်လုံးတို့ကပါ ချက်ချင်း​ပြောင်းလဲသွား​လေသည်။

"ငါတို့ ချက်ချင်းလာခဲ့မယ်"

ကျိုးကျင်းဇယ်က တစ်ဖက်သို့​စောင်းငဲ့ကြည့်၍

"ရှီးရှီး ​ဆေးရုံ​ရောက်​နေတယ်..အ​ခြေအ​နေက နည်းနည်းစိုးရိမ်ရတယ်တဲ့"

ဖွင့်ဟဝန်ခံခြင်း [ ဘာသာပြန် ]Where stories live. Discover now