🌟"ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟
Part - 4 (Unicode)
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် လည်ပတ်စရာနေရာတွေက များလွန်းတာမို့ နေရာအနှံ့ရောက်ဖို့ နံနက်စောစော စထွက်ကြမှာမို့ breakfast စားကိုတော့ ဟိုတယ်ကနေပဲ ဘူဖေးစားလိုက်ပြီးနောက် ကားပေါ်ကို တက်ကြစဥ်...
Alpha ကားနဲ့ပဲ လည်ကြမှာမို့ ကားမောင်းရန် Driver ခေါ်ထားကာ driver seat ရဲ့ ဘေးခုံမှာ ကောင်းမာန်က ထိုင်လိုက်ပြီး... ဖူးငုံက နောက်ဆုံးခုံမှာထိုင်ရင် ကားမူးလိမ့်မယ်ဟု အကြောင်းပြ၍ ကြည်နူးသဒ္ဓါငယ်ကို driver seat ရဲ့ အနောက်ကခုံမှာ ထိုင်စေလိုက်၍ ရူပါနဲ့ သူ့ကောင်လေးကို အနောက်ဆုံးခုံအထိ ဆွဲခေါ်သွားတာမို့ တည်တံ့ခိုင်မြဲက နူးရဲ့ ဘေးနားကခုံမှာပဲ ထိုင်ဖို့ ဖြစ်သွားရသည်။
"ကလောရဲ့ ရာသီဥတုက အရမ်းအေးတာပဲနော်..."
ဖေဖော်ဝါရီလ ဖြစ်တာကြောင့် ကလောမြို့၏ အအေးဓာတ်သည် ရန်ကုန်မှာပဲ နေလာခဲ့ကြတဲ့ သူတို့အတွက် ရာသီဥတုက တော်တော်လေး ကွာခြားနေတာမို့... ရူပါက လက်ကလေးပိုက်၍ ခိုက်ခိုက်တုန်နေတဲ့ အသံဖြင့် ညည်းညူလိုက်မိတော့....
"ဟဲ့... နင်တို့ ရေရောချိုးခဲ့ကြရဲ့လား..."
ရူပါ ရေချိုးပျင်းတာကို သိနေတဲ့ ဖူးငုံက အောက်ဖဲစလှန်လေသည်။
"ငါက ချိုးတယ်... တစ်ယောက်သောသူပဲ မချိုးတာ..."
နူးက ပြုံးစိစိမျက်နှာလေးနဲ့ အနောက်ကို လှည့်ကြည့်လာ၍ ဖူးငုံရဲ့ တိုက်စစ်ကို ပြန်လည်ချေပလိုက်တော့...
"ဟဲ့... ညက ရေချိုးပြီးမှ အိပ်တာလေ... ဒီလောက် ခိုက်ခိုက်တုန်အောင်အေးနေတာကို တော်ပြီပေါ့ တစ်ရက်တခါ..."
"ခိ!.. ခိ!..."
"နူး နော်... ငါ့ကို ဖော်ကောင်လုပ်နေတယ်... သူကြတော့ လှချင်လွန်းလို့ မနက်အစောကြီး ချမ်းချမ်းစီးစီးနဲ့ ရေတွေထချိုး အလှတွေပြင်နဲ့ ပဲပေးလို့ကို မပြီးနိုင်ဘူး..."
"ရေချိုးတာက လှချင်တာလို့ မခေါ်ဘူး တစ်ကိုယ်ရေသန့်ရှင်းရေးလို့ ခေါ်တယ် သိရဲ့လား ညစ်ပတ်အိုးမလေးရဲ့... ခစ်.. ခစ်..."
YOU ARE READING
🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟
Romanceတောင်ကြီးသား တည်တံ့ခိုင်မြဲ နဲ့ ရန်ကုန်သူ ကြည်နူးသဒ္ဓါငယ် တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ Playboy တည်တံ့ခိုင်မြဲ တစ်ယောက် innocent girl လေး ကြည်နူးသဒ္ဓါငယ် ကို ချစ်မိသွားတဲ့အခါမှာတော့ သူချစ်တဲ့မိန်းကလေးကို ပိုင်ဆိုင်ခွင့်ရအောင် ဘယ်လို ကြိုးစားယူမလဲ??? ပ...