Part - 15

8.4K 199 15
                                    

🌟"ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 15 (Unicode)

ခိုင်မြဲ သောက်နေတာ တော်တော်များနေပြီလို့ အောင်ကျော်က ဖုန်းဆက်လှမ်းခေါ်လာတာကြောင့် ဇေယျာမောင် ဆိုင်ကို လိုက်လာချိန်မှာ...

"ဟား... ယောက်ဖ ရောက်လာပြီ..."

"-ီးကို ယောက်ဖလား... မင်း အရမ်းများနေပြီ မဟုတ်ဘူးလား... ထပ်မသောက်နဲ့‌ တော်တော့..."

ဇေယျာမောင်သည် ခိုင်မြဲရဲ့ ဘေးမှာ ဝင်ထိုင်လိုက်ပြီး လက်ထဲက ဝီစကီခွက်ကို ဆွဲယူလိုက်ကာ တားမြစ်လိုက်၏။ အောင်ကျော်‌ ပြောပြချက်အရ ခိုင်မြဲ ဒီဆိုင်ကို ညနေလောက်ကတည်းက ရောက်လာပြီး သောက်နေခဲ့တာ အခုဆို တော်တော်များနေပြီ ဖြစ်သည်။

"အဟွန်း... အရက်သောက်တာက မများဘူး ငါ့ရင်ဘတ်ထဲက ဒဏ်ရာတွေက အရမ်းများနေတာ..."

ခိုင်မြဲ သောက်ထားတာ တော်တော်များနေပြီ ဖြစ်သော်လည်း အသိစိတ်လွတ်လောက်အောင် အထိတော့ မမူးသေးပါ။ သူ့အချစ်ကို ပြတ်ပြတ်သားသား ငြင်းပယ်သွားခဲ့တဲ့ သူမရဲ့ စကားသံလေးတွေကို အထပ်ထပ်အခါခါ ကြားယောင်နေခဲ့သလို တည်တင်းနေတဲ့ မျက်နှာအမူအရာလေးကိုလည်း ပြန်လည်မြင်ယောင်နေဆဲဖြစ်၏။

"ကျစ်!... ငါ မင်းကို ဘာပြောခဲ့လဲ... သူ့ဆုံးဖြတ်ချက်ကို လက်ခံပေးဖို့..."

"မဖြစ်နိုင်ဘူး... သူ့ဆုံးဖြတ်ချက်ကို လက်ခံပေးလိုက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး...  ယောက်ဖ မင်းညီမကို ငါ တကယ်ချစ်ခဲ့တာ... ဟော့ဒီရင်ဘတ်ကြီးထဲမှာ မဆန့်လောက်အောင်အထိ မြတ်မြတ်နိုးနိုးချစ်နေမိတာ..."

ခိုင်မြဲက သူ့ရင်ဘတ်ကို ပုတ်ပြ၍ ဆို့နင့်စွာဖြင့် ပြောနေတာကြောင့် ဘေးက ကြည့်နေရတဲ့ သူတို့အတွက်လည်း စိတ်မသက်မသာ ဖြစ်ရကာ...

 "ခိုင်မြဲ... မဟုတ်လည်း ညီမလေးက နောက်လထဲကြရင် ဆွစ်ကို ကျောင်းသွားတက်ရတော့မှာလေ... အချိန်တစ်ခုကြာသွားရင် မင်းလည်း သူ့ကို မေ့နိုင်သွားမှာပါ..."

"အဟွန်း... သူ ငါ့ကို အဲ့လို ထားရစ်ခဲ့လို့ ရနိုင်မယ် ထင်လို့လား... ငါ သူ့ကို ရအောင်ယူမှာ မင်း ကြည့်နေလိုက်..."

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now