Part - 7

6.5K 141 6
                                    

🌟"ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part -  7 (Unicode)

ကြည်နူးသဒ္ဓါငယ်သည် Allergic ဖြစ်သွားတာကြောင့် Trekking လိုက်မည်ဆိုလျှင် နောက်ဆက်တွဲ အရေပြားပြဿနာတွေ ဖြစ်ပွားလာနိုင်၍ မလိုက်သင့်သေးကြောင်း ဆရာဝန်၏ အကြံပေးချက်အရ Trekking  join လို့ မရတော့ပေ။ နူး လိုက်လို့မရတော့ ဖူးငုံတို့ကလည်း မသွားတော့ဘူးဟုပြောပေမဲ့ ဒီလိုအခွင့်အရေးမျိုးက တခါတရံသာရနိုင်တာကြောင့် လိုက်သွားကြဖို့ မနည်းတိုက်တွန်းလိုက်ရကာ တည်တံ့ခိုင်မြဲကလည်း အလုပ်ကိစ္စတစ်ခု အရေးတကြီးပေါ်လာ၍ ကျန်နေရစ်ခဲ့ရတာမို့... ဇေယျာတို့အတွဲရယ် ကောင်းမာန်နဲ့  ရူပါတို့ ၄ယောက်သာ Trekking join ဖြစ်ကြသည်။

ကိုကြီးခိုင်မြဲက အလုပ်ကိစ္စရှိ၍ မနက်ခင်းကတည်းက သူ့ PA ကိုသီဟအောင်နှင့်အတူ ထွက်သွားကြပြီး နေ့ခင်းပိုင်းလောက်ကြ ဖူးငုံတို့ကလည်း Trekking လိုက်သွားကြပြီ ဖြစ်သည်။ 

နူး တစ်ယောက်တည်း ဟိုတယ်မှာ ယောင်ချာချာနဲ့ ကျန်ရစ်ခဲ့တာမို့ ဒီဟိုတယ်၏ အနောက်ဘက်ခြမ်းတွင် ထင်းရှူးတောကြီးရှိကာ ဧည့်သည်တချို့က လမ်းလျှောက်သွား၍ လျှောက်ပတ်ကြည့်ကြတာကြောင့် သူမလည်း သွားကြည့်မယ် စိတ်ကူးလိုက်သည်။ Allergic ကြောင့် ဖြစ်ပေါ်နေတဲ့ မျက်နှာပေါ်က အနီစက်ပြောက်လေးတွေသည် ဆေးသေချာသောက်ထား၍ သက်သာနေပြီဆိုပေမဲ့ ဒီအတိုင်းကြီးလည်း မထွက်ချင်တာမို့ mask တပ်လိုက်၍ အပြင်ကို တစ်ယောက်ထဲ ထွက်လာခဲ့လိုက်သည်။

ဟိုတယ်မှာ သူမလေး တစ်ယောက်တည်း ဖြစ်နေမှာစိုး၍ ခိုင်မြဲ အလုပ်ကိစ္စတွေကို အမြန်လုပ်လတ်စသတ်ကာ ပြန်ရောက်လာချိန် နေရာတစ်ခုခုကိုသွားဖို့ တစ်ယောက်ထဲထွက်လာတဲ့ သူ့အကြည်ဓာတ်လေးနဲ့ ထိပ်တိုက်တိုးတာမို့....

"ဘယ်သွားမလို့လဲ..."

"ဟိုးဘက်... ထင်းရှူးတောတွေ ဘက်ကို သွားကြည့်မလို့..."

".................."

သူနဲ့သာ တည့်တည့်မတိုးလျှင် တစ်ယောက်ထဲ သွားမည့်ပုံပဲမို့ ခိုင်မြဲ မျက်မှောင်ကြုံ့သွားရသည်။

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now