Part - 23 (Unicode)

10.4K 227 11
                                    

Warning!!!

ဒီ Fic ကို စတင်ရေးကတည်းက mature on ထားတာမို့ အခုအပိုင်းကနေ စတင်ပြီးတော့ + ခန်းတွေ ပါဝင်လာပြီဖြစ်တာကြောင့် ဒီလိုရေးသားတာမျိုး မကြိုက်နှစ်သက်ဘူးဆိုရင် ကျော်သွားပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

ပြီးတော့ ဒီအပိုင်းက အသက်မပြည့်သေးတဲ့ ကလေးတွေနဲ့ မသက်ဆိုင်တဲ့အတွက် မဖတ်ကြဖို့ တားမြစ်ပါတယ်... (ခိုးဖတ်ကြရင်တော့ သာသာလည်း မတက်ဘူးပေါ့နော်... 😌😌😌)


🌟"ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 23 (Unicode)

ခိုင်မြဲသည် သူမလေးကို ပွေ့ချီ၍ ဆလင်းဘတ်အိတ်နဲ့ ဒေါက်ဖိနပ်လေးကို လက်တစ်ဖက်ဖြင့် ကိုင်လာခဲ့ကာ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာဦးညလေးအတွက် ပြင်ဆင်ထားသော ဟိုတယ်အခန်းရှိရာသို့ တောက်လျှောက်ပွေ့ချီလာခဲ့၏။

ချစ်ရသူလေးက သူ့အပေါ်မှာ လက်ကလေးနှစ်ဖက်ကို ဘယ်ညာရမ်းကာ ဆော့ကစားနေပြီး ခြေထောက်တွေကလည်း အငြိမ်မနေလှုပ်ရမ်းကာ လိုက်ပါလာခဲ့ပြီး အာလေးလျှာလေးသံလေးနဲ့...

"ယောကျာ်း ယူလိုက်ရတာ ခုမှ ကောင်းမှန်းသိတော့တယ်.... ကိုယ်တိုင် လမ်းလျှောက်စရာတောင် မလိုတော့ဘူး... ဇိမ်ကိုကျလို့... အဟိ!..."

ထိုကဲ့သို့ ပြောလာခဲ့တာကြောင့် ခိုင်မြဲ တစ်ယောက် ကျိတ်ပြုံးလိုက်ရင်း... ခြေ‌လှမ်းတွေကို ခပ်မြန်မြန်လျှောက်လာကာ ဟိုတယ်အခန်းထဲကို ဝင်လာခဲ့လိုက်ပြီး သူ့လက်ထဲကပစ္စည်းတွေကို ဆိုဖာပေါ်ကို ဖြစ်သလို ပစ်တင်ခဲ့လိုက်ပြီး... အထဲမှာက အိပ်ခန်းသပ်သပ် ထပ်ရှိနေသေးတာမို့ ထိုတံခါးကို ခြေထောက်နဲ့ကန်ဖွင့်လိုက်၍ နီရဲရဲနှင်းဆီပွင့်ချပ်တွေနဲ့ အလှဆင်ထားတဲ့ ဖြူလွှလွှမွှေ့ရာထက်မှာ သူမလေးကို ချပေးလိုက်ကာ အပေါ်ကနေ စီးမိုးလိုက်ပြီး...

"လမ်းလျှောက်စရာ မလိုအောင် ပွေ့ချီပေးခဲ့တာထက် ပိုကောင်းတဲ့အရာတွေကို ပေးအပ်ချင်တယ်ဆိုရင်ရော သဲငယ်က ကိုယ့်ကို ခွင့်ပြုပေးမှာလား..."

ကိုကြီးရဲ့ 'ခွင့်ပြုပေးမှာလား...' ဆိုတဲ့အမေးသည် အပြောသက်သက်သာဖြစ်ခဲ့ပြီး သူ့အပြုအမူတွေကတော့ နူးရဲ့ စိုရဲနုထွေးနေသော နှုတ်ခမ်းလေးကို ဖိကပ်ငုံထွေးလာလေတော့သည်။

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now