Part - 18

8K 204 12
                                    

🌟"ခိုင်မြဲသောအချစ်တိုနဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 18 (Unicode)

တည်တံ့ခိုင်မြဲရဲ့ မိဘနှစ်ပါးစလုံးက တောင်ကြီးကနေ ညနေပိုင်းလေယာဥ်နဲ့ ဆင်းလာခဲ့ကြကာ အခု ရန်ကုန်က မှုံနံ့သာတို့ မိသားစု နေထိုင်ရာ Sky Villa ကို ရောက်ရှိလာကြပြီဖြစ်သည်။

လူကြီးတွေနဲ့တွေ့ရမှာ မဝံ့မရဲဖြစ်နေတာကြောင့် ချွေးစေးလေးတွေဖြင့် အေးစက်စက်ဖြစ်နေရှာတဲ့ သူမရဲ့လက်ဖဝါးနုနုလေးကို ခိုင်မြဲက တယုတယဆုပ်ကိုင်ထားပြီး ဖေဖေနဲ့မေမေတို့ ထိုင်စောင့်နေကြတဲ့ သီးသန့်ဧည့်ခန်းရှိရာဆီကို ခေါ်လာခဲ့လိုက်၏။

ကြည်နူးသဒ္ဓါငယ်သည် လူကြီးမိဘတွေက သူမ ရှိရာကို လာတွေ့ရတာမျိုးဖြစ်မှာစိုး၍ သူ ခေါ်ဆောင်ရာအနောက်ကို လိုက်လာခဲ့လိုက်တော့ ကိုကြီးရဲ့ ဖေဖေနဲ့ မေမေက နွေးထွေးသောအပြုံးတွေနဲ့ နူးကို ပြုံးပြ၍ ကြိုဆိုကြသည်။

သူမရဲ့သားက ဒီမိန်းကလေးသည် သူချစ်မြတ်နိုးတဲ့မိန်းကလေးပါ ဟု ဖွင့်ဟဝန်ခံထားပြီးသားဖြစ်ပြီး... ဒေါ်နန်းထိုက်ယဥ် ကိုယ်တိုင်ကလည်း သားချစ်တဲ့မိန်းကလေးကို ချွေးမဆိုတာထက် သမီးအရင်းလေး တစ်ယောက်လို သဘောထားပေးဖို့ ဆုံးဖြတ်ထားပြီးသားမို့...

"လာ သမီးလေး... မေမေ့ အနားကို လာထိုင်..."

နူး ဝင်ထိုင်လိုက်သည်နှင့် ကိုကြီးရဲ့မေမေက သူမကို ပွေ့ဖက်လာ၍ ကျောပြင်လေးကို ခပ်ဖွဖွလေးပုတ်ပေးကာ နှစ်သိမ့်ပေးလာတာမို့ မျက်ဝန်းအိမ်မှ မျက်ရည်ဥလေးတွေက အလိုလိုပြည့်အိုင်ကျလာပြီး...

"အဟင့်!... ဟင့်!.. သမီး သမီးလေ..."

"သမီးလေး ဘယ်လို ခံစားနေရတယ်ဆိုတာ မေမေ သိတယ်... မိန်းမသားအချင်းချင်းမို့ ကိုယ်ချင်းလည်းစာတယ်... သားကလည်း အားလုံးပြောပြထားပြီးသားမို့ မေမေတို့ သမီး‌ကို နားလည်တယ်နော်..."

"ပြီးတော့ သမီးလေးရဲ့ မိဘတွေဆီကို အကျိုးအကြောင်းပြောပြီးတော့ မေမေတို့ ဆက်သွယ်ထားပြီးသားပါ... သမီးရဲ့ မိဘတွေနဲ့ မေမေတို့က မိတ်ဟောင်းဆွေဟောင်းတွေဆိုတော့ အားလုံးအဆင်ပြေပါတယ်... ဘာမှ စိတ်မပူနဲ့ ဟုတ်ပြီလား..."

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now