Part - 29 (Zawgyi)

2.6K 18 1
                                    

ကလေးတွေနဲ့ မသက်ဆိုင်တဲ့အခန်းမို့ ကျော်သွားကြနော်... ကလေးတွေ လိမ္မာကြမယ် ဟုတ်....



🌟"ခိုင်မြဲသောအချစ်တိုနဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်"🌟

Part - 29 (Zawgyi)

နဖူးပြင်လေးပေါ်သို့ နွေးထွေးစွာကျရောက်လာသော အထိအတွေ့ကြောင့် မျက်လုံးဖွင့်ကြည့်လိုက်မိတော့ နူးရဲ့မျက်နှာလေးကို ငုံ့မိုးကြည့်နေတဲ့ ကိုကြီးက polo shirt ခဲပြာရောင်ဖျော့ဖျော့လေးကို ဝတ်ထားတာကြောင့် ဂေါက်ကွင်းသွားဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ သိလိုက်သည်။

လုပ်ငန်းရှင်တွေ ဂေါက်ရိုက်တယ်ဆိုတာက စီးပွားရေးလုပ်နည်း တစ်မျိုးတာပဲမို့ ကိုကြီးသည် အလုပ်ပိတ်ရက်တွေမှာ ရံဖန်ရံခါဆိုသလို တခြားလုပ်ငန်းရှင်တွေနဲ့အတူ ဂေါက်သွားရိုက်လေ့ရှိပြီး ကိုကြီးနဲ့အတူတူ နူးရောပါ လိုက်သွားလေ့ရှိသည်။ ဟိုးအရင်ကလည်း ဖေကြီးက သူလုပ်ဖော်ကိုင်ဖက်တွေနဲ့ သွားကစားလျှင် လိုက်နေကြမို့ နူးက ဂေါက်ရိုက်တာ ကျွမ်းကျင်အဆင့်မဟုတ်ပေမဲ့ ကောင်းကောင်းရိုက်တက်ပါသည်။

ဖေကြီးနဲ့ ကိုကြီးတို့အနောက်ကို အတူလိုက်ကစားရတာက ကွာခြားချက် တစ်ခုတော့ရှိတယ်။ အဲ့ဒါက ဖေကြီးနဲ့တုန်းက သူလုပ်ဖော်ကိုင်ဖက်တွေ ပြောဆိုဆွေးနွေးကြတဲ့ ဆေးပညာအကြောင်းတွေကို နားထောင်ရတာဖြစ်ပြီး... ကိုကြီးနဲ့ကြတော့ လုပ်ငန်းရှင်တွေအတူ ပြောဆိုဆွေးနွေးကြတဲ့ စီးပွားရေးအကြောင်းတွေကို နားထောင်ရပဲ ကွာခြားပါသည်။

ဒီနေ့ကတော့ ကြည်နူးသဒ္ဓါငယ်သည် online class ရှိနေ၍ ဂေါက်ကွင်းကို ကိုကြီးနဲ့အတူ လိုက်လို့မရတော့ပဲ အိမ်မှာပဲ ကျန်နေခဲ့ရမှာမို့...

"အတန်းချိန်နီးနေပြီ အသဲ... အိပ်ယာထတော့လေ..."

"အင်း... ကိုကြီးရော သွားတော့မှာလား..."

"အခုပဲ သွားတော့မှာမို့ သဲငယ်ကို နိုးလိုက်တာ... တော်ကြာ အိပ်ပျော်သွားပြီး အတန်းချိန်လွတ်သွားမှာစိုးလို့..."

"ဟုတ်!..."

နူး အိပ်ယာပေါ်မှ ထထိုင်၍ ခေါင်းလေးညှိမ့်ပြလိုက်ပြီး...

🌟ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူစွာ မြတ်နိုးခဲ့ပါသည်🌟Where stories live. Discover now