Story Description

1.8K 59 3
                                    

ဇာတ်လမ်းအကျဥ်းချုပ်

စာအုပ်ထဲ ကူးပြောင်းအပြီး သုံးနှစ်အကြာ၌ စုဝမ် အောင်မြင်လာခဲ့သည်။

အကြောင်းအရင်းကတော့ သူမနှင့် သူမ၏ ချမ်းသာသော အမျိုးသားတို့ ပထမဆုံးအကြိမ် အတူပူပေါင်းကာ ကြွယ်ဝချမ်းသာလှသော သူဌေးများ၏ နေထိုင်မှုဘဝ ရသစုံရှိုးသို့ သွားရောက်ခဲ့သောကြောင့်ပင်။

မူရင်းဇာတ်ကြောင်း၌ သူမသည် အမျိုးသမီးဇာတ်လိုက်၏ ပျော်ရွှင်မှုကို အစပျိုးပေးရသည့် အသုံးချခံလေးဖြစ်ခဲ့သည်။ စာအုပ်အတွင်း ကူးပြောင်းလာခဲ့ပြီးနောက်တော့ ထိုအဆုံးသတ်ကို ပြုပြင်ဖို့ သူမ အစွမ်းကုန်ကြိုးစားခဲ့လေသည်။

ရသစုံရှိုး ထုတ်လုပ်သူများက ကျိကျိတက်ချမ်းသာသူများဖြစ်ပြီး ထိပ်တန်းသူဌေးကြီးများ၏ ဆက်ခံသူမျိုးဆက်များလည်းမဟုတ် ၊ ယွမ် သန်း ၁၀၀ အထက် တန်ကြေးရှိသော သိပ္ပံနှင့်နည်းပညာနယ်ပယ်က ရုတ်ချည်းအောင်မြင်ထိုးတက်သွားမည့် ရွှေကြာပင်များလည်း မဟုတ်ကြဘဲ ပရိသတ်များ ရေတွက်လို့မရအောင် ပိုင်ဆိုင်ထားသည့် အနုပညာရှင်များ၏ သမီးများလည်းမဟုတ်ကြချေ။

ဤရှိုးသည် မထုတ်လွှင့်ရခင်ကတည်းက အောင်မြင်ကျော်ကြားချေတော့မည်။

အခြားဧည့်သည်များ တိုက်ရိုက်ထုတ်လွှင့်ခန်းရှိ ပရိသတ်များကို လက်မလွှတ်နိုင်ဆဲ ဖြစ်နေကြချိန်တွင် စုဝမ်ကတော့ ပုံမှန်လိုပင် စိတ်အေးလက်သာဖြစ်လျက် သူမဘဝကလည်း ယခင်နှင့် ဘာမျှမကွာခြားနေပေ။

ထိုသည်က တစ်ခုခုကို ဝယ်နေဖို့ ကြံနေတာမျိုး ၊ ဝယ်ဖို့လုပ်နေတာမျိုး ၊ ဝယ်နေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါ၏။

ထို ရသစုံရှိုး ရိုက်ကူးနေစဥ်အတွင်း သူမနှင့်ပရိသတ်သည် မည်သူမျှမသိခဲ့ကြသည့် ချမ်းသာသော ခင်ပွန်းဖြစ်သူ၏ အရူးအမူးချစ်စိတ်မွှန်ထူနေပုံကို အပြင်လူများအနေဖြင့် မျက်ဝါးထင်ထင် တွေ့ကြုံခဲ့ကြရသည်။

ချမ်းသာတဲ့အတွဲတွေဆိုတာ ညာနေတာမဟုတ်ဘူးပဲ။

အပျော်စီး သင်္ဘောများ ၊ ခမ်းနားကြီးကျယ်မှုနှင့် ကိုယ်ပိုင်ကျွန်းများ…..

ကြွယ်ဝချမ်းသာသောသူဌေးဇနီးမောင်နှံ၏ ချိုမြိန်သောနေ့စဥ်ဘဝWhere stories live. Discover now