အခန်း ၁

658 65 6
                                    

အပိုင်း ၁

 

 

 

စုဝမ်တစ်ယောက် ဂဏန်း ၈လုံးတန်ဖိုးရှိ ရွှေရောင် နျန်မူသား ကုတင်ပေါ် အေးအေးချမ်းချမ်းအိပ်ပျော်နေစဥ်၌ သူမနှင့်ပတ်သက်သော ခေါင်းစဥ်နှစ်ခုက hot search ထဲ ဝင်သွားခဲ့လေသည် ။

 

 

 

#ဟော်ချန်း က ချမ်းသာတဲ့စုံတွဲတွေကြည့်တဲ့ “rich style” ရသစုံရှိုးမှာပါဖို့ အတည်ပြု#

 

#ဟော်ချန်းဘက်က ပထမဆုံးအနေနဲ့ ပူပေါင်းလာတာနော် ။ ကွာရှင်းတော့မယ်ဆိုတဲ့ ကောလဟာလတွေကို ငြင်းတာများလား?#

 

 

 

သူ့နာမည်မတပ်ထားသည့်တိုင် စိတ်ဝင်စားသည့်မည်သူမဆို တစ်ချက်ကြည့်ရုံနှင့် သူနှင့်ဆက်နွယ်နေသည့်အကြောင်းမှန်း သိသာသော ခေါင်းစဥ်တစ်ခုလည်း ရှိသေးသည် ။ ခေါင်းစဥ်က #ချမ်းသာတဲ့ ဇနီးမယားရဲ့ ဝမ်းနည်းစရာအတိတ်အကြောင်း သိရဖို့ ဤနေရာကို နှိပ်ပါ#

 

 

 

နာရီဝက်အတွင်းမှာတင် ထိုခေါင်းစဥ်သုံးခုနောက် “Boom” ဆိုသော စကားလုံးတစ်လုံး ပါလာခဲ့သည် ။

 

 

 

ဤ “Boom” သုံးခုမှာ သူမနှင့်ပတ်သက်နေပြီး ထိပ်တန်းအသုံးပြုသူများမှာ မတတ်နိုင်ပါဘဲ လူကောင်းများကိုခေါ်ရတော့သည် ။

 

 

 

နှမြောစရာမှာ hot search အတွင်းရှိ အဓိကဇာတ်ဆောင်မှာ ယခုထိ အိမ်မက်ကမ္ဘာထဲမျောရင်း ဘာမှမသိသေးချေ ။

 

 

 

စုဝမ်သည် အင်တာနက်ပေါ် ဖရဲသီးစားဖို့ စိတ်အားထက်သန်လာသည့်အချိန်မှ အိမ်မက်ကနေ ဖြည်းဖြည်းချင်းနိုးလာခဲ့သည် ။ မျက်တောင်လေးများက တဖျတ်ဖျတ်တုန်ယင်သွားပြီးနောက် အလွန်အမင်းလှပလွန်းသော အညိုရောင်မျက်ဝန်းတစ်စုံကို ဖြည်းညင်းစွာ ဖွင့်လိုက်သည် ။ ကောင်းကင်က တောက်လောင်နေသည့်အလား ရုတ်တရက် မှိန်ဖျော့ဖျော့အခန်းတစ်ခုလုံး အနည်းငယ် ပိုတောက်ပလာခဲ့သည် ။

ကြွယ်ဝချမ်းသာသောသူဌေးဇနီးမောင်နှံ၏ ချိုမြိန်သောနေ့စဥ်ဘဝWhere stories live. Discover now