အခန်း ၂

312 48 2
                                    

အပိုင်း ၂

ပရိသတ်မှာ ငွေအမောက်အကန့်အသတ်မရှိသော black card ကြောင့် စိတ်ထိခိုက်သွားကြသည် ။

ပိုက်ဆံလက်ခံပြီး အလုပ်လုပ်သော black fan များကတော့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲ ခုန်လိုက်ပေါက်လိုက်လုပ်နေသေးကြသည် ။

(ရယ်နေပြီနော် ၊ ပါးစပ်လှုပ်ရုံလေးနဲ့ ဘယ်သူက ဟုတ်လားမဟုတ်လား သိမှာလဲ?)

(ဟာသပြောပြမယ် ၊

စုဝမ်: ငါ့ယောကျ်ားက ငါ့ကိုပိုက်ဆံသုံးသာသုံးဖို့ ခဏခဏပြောတတ်တယ် ၊

ဟော်ချန်း: ငါပြောဖူးလို့လား?)

(Link ဟေ့ ၊ ဗီဒီယိုကြည့်ပြီးမှပြော)

Black fan တစ်ယောက်က ဟော်ချန်း ပါဝင်ခဲ့ဖူးသော ပါတနာ ရသစုံရှိုးတုန်းက ဗီဒီယိုကို တင်လိုက်သည် ၊ ထိုရှိုး၌ ပါဝင်ခဲ့သော အမျိုးသားဧည့်သည် ၅ ယောက်လုံးမှာ ငယ်ရွယ်ပြီး အလားအလာကောင်းရှိကြသည့် စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြသည် ၊ တစ်ယောက်ချင်းစီသည် တစ်နေ့ကို ၂.၀၈ သန်းအထက်ရှာနိုင်စွမ်းလည်းရှိကြသည် ၊ ထိုရှိုးအား စုဝမ် နှင့် ဟော်ချန်း တို့ လက်မထပ်ရသေးခင် နှစ်နှစ်အလွန်က ရိုက်ကူးခဲ့ခြင်းဖြစ်သည် ။

ဤကဲ့သို့ ပါတနာရသစုံရှိုးများက အောင်မြင်သောအသက်မွေးဝမ်းကြောင်းနှင့် အမျိုးသားတစ်ယောက်က မည်မျှဆွဲဆောင်မှုရှိကြောင်း သိသာထင်ရှားသော ဥပမာများကို ရိုးရိုးရှင်းရှင်းအသုံးပြု၍ ပရိသတ်အား ချပြတတ်ကြသည် ။

ဗီဒီယိုထဲတွင် ဟော်ချန်းက အရပ်ရှည်ရှည်ဖြောင့်ဖြောင့်နှင့် အနောက်တိုင်းဝတ်စုံအနက်ကို ဝတ်ဆင်ထားသည် ၊ သူ့ကြည့်ရသည်မှာ ပကာသနမပါစွာနှင့် စိတ်ဝင်စားနေသည့်ပုံလည်း မပေါ်ပေ ၊ C ပုံစံအတိုင်းရပ်နေသော ၅ ယောက်ကြား သူက ထက်ရှသောမျက်နှာသွင်ပြင်နှင့် ညို့ဓာတ်ပြင်းသော အာဒမ်ပန်းသီးကို ပိုင်ဆိုင်ထားသည် ၊ ညာဘက်လက်နှင့် ပခုံးကြိုးကို ပြင်လိုက်ပြီး တင်ဆက်သူ ပြောနေသည်ကို နားထောင်နေပုံမှာ အာရုံမထားဟန်နှင့် တစ်ဖက်တွင်လည်း ဂရုတစိုက်ရှိနေပုံပေါ်နေသည် ။

ကြွယ်ဝချမ်းသာသောသူဌေးဇနီးမောင်နှံ၏ ချိုမြိန်သောနေ့စဥ်ဘဝWhere stories live. Discover now