အခန်း ၅

325 53 4
                                    

အပိုင်း ၅

စုဝမ်၏ “သေချာပေါက် လူကြီးတွေကတော့ အကုန်လိုချင်တာပေါ့” ဆိုသောစကားအား တိုက်ရိုက်ထုတ်လွှင့်ခန်းထဲ ပရိသတ်များနှင့်အတူ ကြည့်နေကြသည့် အခြားဧည့်သည်အတွဲများအပါအဝင် ၁၀,၀၀၀ နီးပါးသော ပရိသတ်များအားလုံး ကြားလိုက်ကြရသည် ။

ပရိသတ်များမှာ သူတို့၏ စိတ်လှုပ်ရှားမှုများကို မဖုံးဖိနိုင်ထားကြဘဲ 666 ဟု ဆက်တိုက်ပို့နေကြတော့သည် ။

(ဒါက ကမ္ဘာကြီးရဲ့ တရားမမျှတမှုလား? ကျေးဇူးပြုပြီး ရှင့်ရဲ့ကမ္ဘာကြီးကို ရှင်ခံစားနိုင်သလောက်ခံစားဖို့ ကျွန်မကို ဦးဆောင်ခေါ်သွားပေးပါတော့ ချမ်းသာတဲ့အမျိုးသမီးရေ!)

(ချမ်းသာတဲ့ အမျိုးသမီးရဲ့လောကကနေ ပရိသတ်ကြီးကို ကြိုဆိုလိုက်ပါတယ်)

(အမေက ငါဘာလို့မျက်လုံးပြူးသွားရတာလဲလို့ မေးနေတာ ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီသူဌေးမကြီးရဲ့မျက်နှာလှလှကို ငါမြင်ဖူးချင်လို့လေ)

စုရန်ချာသည် စုဝမ် နောက်ထပ်ရင်ကော့နိုင်စရာအကြောင်းမရှိနိုင်တော့ဟု တွေးခဲ့သည် ၊ သူက စုဝမ်အား အနင်းခံစမှတ်တစ်ခုအဖြစ် သုံးချင်သောကြောင့် စုဝမ်ကို ဤရှိုးမှာပါဝင်စေပြီး သူ့ကို နေရာမရအောင်လုပ်ပစ်မည်ဟု စီစဉ်ခဲ့သည် ၊ သည်အတွက်လည်း မိဘများကို အမျိုးမျိုးချွဲနွဲ့ရင်း အင်အားမနည်းစိုက်ထုတ်ကာ စုဝမ်ကိုယ်စား လက်မှတ်ထိုးဖို့ မိဘများကို တိုက်တွန်းခဲ့သည် ။

စုရန်ချာက အင်တင်တင်ပြုံးသည်။ “စုဝမ်က အရမ်းထင်ပေါ်အောင်နေတာပဲ ၊ ဒါက မကောင်းဘူးနော် ၊ သူ့အမျိုးသားမိသားစုဘက်က သူ့ကိုသဘောကျကြမှာမဟုတ်ဘူးရယ် ၊ ဒီလိုသာဆက်သွားနေရင် သူ့ယောက္ခမတွေ တဖြည်းဖြည်းစိတ်ပျက်လာမှာကိုပဲ သူခံရလိမ့်မယ်”

ထို့နောက် သူက တမင်တကာပင် အရိပ်အမြွက်ပြပြန်သည် ၊ သူ၏သူငယ်ချင်းကောင်းဆိုသော တစ်ယောက်ကိုပင် ။

“ကျွန်မတို့ မင်ယွဲ့ဆို သိပ်ကောင်းတာ ၊ မိသားစုနောက်ခံကောင်းကောင်းရှိတယ် သူ့မိသားစုကလည်း ပိုက်ဆံနဲ့ပတ်သက်ပြီးမပူရဘူး ဒါပေမဲ့ သူ စုဝမ်လောက် ထင်ထင်ပေါ်ပေါ်မနေဘူးရယ် ၊ တကယ့် ပညာတတ် အသိကြွယ်ဝပြီး ကောင်းကောင်းသင်ပြခံထားရတဲ့လူတွေက အမြဲ ငွေကို ဒီလိုမျိုးသဘောထားမှာမဟုတ်ဘူး ၊ အပေါစားတွေက ပါးစပ်ဖျားမှာရှိတတ်တာ”

ကြွယ်ဝချမ်းသာသောသူဌေးဇနီးမောင်နှံ၏ ချိုမြိန်သောနေ့စဥ်ဘဝWhere stories live. Discover now